" ကိုကို နင်ငါ့ကို ဖမ်းနော်။ "
ကိုကိုဆိုပြီး နင်နဲ့ငါနဲ့ပြောတာက ဒီကောင်လေးရဲ့ အကျင့်ပဲ။ သို့သော် သူ့နှုတ်ဖျားမှ ထွက်လာသော ကိုကိုဆိုသည့် နာမ်စားက ဓန၏ နှလုံးသား နွေးထွေးရာ။
" ပြုတ်ကျမယ်ဆိုတာ သိရဲ့နဲ့များ ဘာလို့အဲ့ပေါ်တက်ဆော့တာလဲ "
" နင့်ကိုယုံတယ်လေ နင်ငါ့ကိုဖမ်းဖို့ စောင့်နေတယ်မလား "
ခေါင်းမာတဲ့ ဒီကောင်လေးရဲ့ အကျင့်ကို သိတဲ့ ဓနက အောက်ကနေ စိုးရိမ်စွာ စောင့်ကြည့်နေတယ်။
" ကိုကို ရုံးသွားရတော့မယ် "
အနှီကောင်လေးက သစ်ပင်ပေါ်ကနေ ငုံ့ကြည့်လိုက်တယ်။ ပျော့ပျောင်းသော နီညိုရောင် ဆံနွယ်က အောက်ကို ယိမ်းကာ ဖြူဝင်းတဲ့မျက်နှာပေါ် ဖြည်းဖြည်း တစ်ချောင်းချင်းကျလာတယ်။
ကောင်လေးအပြုံးကိုမမြင်ရတော့ဘူး။ တကယ်တော့ သူ့အပြုံးထက် သူဒီလိုတည်တည်လေးနေတာကို ပိုသဘောကျမိတဲ့ ဓနအတွက်တော့ ကောင်လေးက အကြည်ဓာတ်လေးပါ။
" ငါပြုတ်ကျသွားရင် ငါ့ကိုအောက်ကနေ ဖမ်းပေးမယ့်သူက နင်ပဲရှိတာ ကိုကိုရဲ့။ "
" လရောင် "
ဓနက ဖြည်းဖြည်းချင်းခေါ်လိုက်တယ်။
လရောင်က သစ်ပင်ပေါ်ကနေသူ့ကို ဆက်စိုက်ကြည့်နေတုန်းပဲ။
" နင် ပြန်လာမှာမလား "
လရောင်က သစ်ရွက်လေးတွေကို တစ်ရွက်ချင်း လှမ်းခြွေရင်းပြောတယ်။
" သေချာတာပေါ့ စောင့်နေနော် "
🍃🍃🍃
ဓန ထွက်သွားပြီး နောက်မှာ လရောင် အိမ်ထဲဝင်လိုက်တယ်။ မေမေက လရောင်ကို အပူတပြင်း လိုက်ရှာနေပုံပါပဲ။
" သား ဘယ်တွေပျောက်နေတာလဲ မေမေ့မှာ လိုက်ရှာလိုက်ရတာ "
" လရောင် သွားဆော့နေတာ "
" သားရယ် နောက်တစ်ခါအဲ့လိုမလုပ်ရဘူး။ လူကြီးတွေကိုအသိပေးသွားလေ မေမေ့မှာစိတ်ပူလိုက်ရတာ သားအခြေအနေနဲ့..... "
YOU ARE READING
ငွေသော်တာ၏ နမ်းရှိုက်ရာ { ေငြေသာ္တာ၏ နမ္းရိႈက္ရာ }