Unicode👇🏻
" အဆင်ပြေရင် မင်းကို ကိုယ့်ရဲ့ personal secretaryလုပ်ဖို့ကမ်းလှမ်းချင်တယ်"
ပြော ပြီး cardတစ်cardကို သူ့ကိုလှမ်းပေးလာကာ ထရပ်လိုက်သောသူကြောင့် သူလဲယောင်ယောင်ကမ်းကမ်းနဲ့လှမ်းယူကာ သူ့နည်းတူထရပ်လိုက်မိသည်။
" ဒီမှာကိုယ့်လက်ရှိ secretary ရဲ့ number ပါတယ်။ မင်းစဉ်းစားပြီးရင် ဆက်သွယ်လိုက်ပါ။ လစာတို့အလုပ်ချိန်တို့ မင်းသိချင်တဲ့ကိစ္စတွေ အသေးစိတ်ဆွေးနွေးကြတာပေါ့။ "
သူခေါင်းငြိမ့်ပြလိုက်မိလားမသိပါပေ။ ထိုလူကတော့ သူ့ကိုကျော်ဖြတ်ကာလျှောက်သွားပြီဖြစ်သည်။
ထိုလူထွက်သွားပြီး အတန်ကြာသည်အထိ သူရပ်နေမိသည်။
အခုဘာတွေဖြစ်သွားတာလဲ? ကျောင်းပြီးအောင်တောင်မတက်ရသေးတဲ့ငါက အလုပ်ကမ်းလှမ်းခံလိုက်ရတာလား?? ပြီးတော့—ပြီးတော့ secretaryတဲ့!!!!!
သူပျော်လွန်းလို့ထခုန်မိသည်။ ညဉ့်နက်သန်းခေါင်ဖြစ်၍ အနားတွင်လူမရှိလို့သာတော်တော့သည်။
" ဟားဟားဟားး ဒီလိုဘုရားပေးတဲ့ ဉာဏ်ရည်မျိုးရထားတာ အလကားမဟုတ်ဘူးပဲ!!! နောက်ဆုံးတော့ ထိုက်တန်တဲ့အလုပ်ဆိုတာ ရောက်လာခဲ့ပြီ!! အဖွားရေ!!! ကျွန်တော်သူဌေးကြီးဖြစ်တော့မယ် ဟားဟားဟားး "
အရူးတစ်ယောက်လိုရယ်မောကာ အိမ်သို့ပြေးတက်လာတော့ အဖွားက ထူးဆန်းတဲ့မျက်လုံးနဲ့ကြည့်ကာ
" Noelနင်ဘာဖြစ်လာတာလဲ?? စားပွဲထိုးရတော့မှာမို့ ရူးသွားတာလား? "
ဟု ဆီးမေးလေသည်။
" အဖွားးးးး! နောက်ဆုံးတော့ ကျွန်တော်တို့ချမ်းသာတော့မယ်ဗျာ!! အိမ်ကောင်းကောင်းတစ်လုံးဝယ်၊ ကားအကောင်းစားတစ်စီးနဲ့ အဖွားအတွက် အိမ်အကူငါးယောက်ထားပေးမယ်!! bodyအမိုက်စားကောင်မလေးတစ်ယောက်နဲ့လက်ထပ်ပြီး ကလေးသုံးယောက်မွေးပစ်မယ် ဟားဟားဟားးး! "
" ဟဲ့ဟဲ့ ဒီကောင်လေးဘယ်လိုဖြစ်လာတာလဲ! ဘတ်! "
" ... "
အဖွားက လက်ထဲက သတင်းစာလိပ်နှင့်ရိုက်လိုက်မှ အသံတိတ်သွားသော်လည်း ပြုံးစိစိနှင့် လှုပ်ရွနေသေးသည်။
YOU ARE READING
The N in my Brain
RomanceA famous New Yorker named Evan meets a brainy Korean called Noel. * This is just a work of fiction during this shitty crisis -.- EvanxNoel (အီဗန်xနိုဝဲလ်)