Unicode(zawgyiကသက္သက္ခြဲထားေပးတာ)
For this fic
Recommended song
Hare hare ya
ထိုနေ့က မိုးတွေအရမ်းသည်းနေခဲ့တယ်
ကောင်းကင်ကြီးတစ်ခုလုံးဟာ အနက်ရောင်တိမ်စိုင်တိမ်ခဲတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။အိမ်နဲ့ပြသနာတတ်ထားတဲ့ကျွန်တော်ဝမ်ရိပေါ်ဟာ ပြိုင်ကားအနက်လေးကို အရှိန်နဲ့မောင်းနှင်လို့ Marco Poloတံတားဆီသို့ ဦးတည်မိတယ်
Marco polo bridge (at beijing)
1937ခုနှစ် Julyလ 7ရက်နေ့မှာ chinaနဲ့ japanစစ်ဖြစ်ခဲ့တဲ့နေရာဖြစ်တယ်
ဒုတိယကမ္ဘာစစ်ကြီးစတင်ခဲ့ရာနေရာဆိုလည်း မမှားပါဘာကြောင့်ရယ်မှန်းမသိ ကျွန်တော်ဝမ်းနည်းတဲ့အချိန်တိုင်း ထိုတံတားဆီသာ ဦးတည်မိသည်
ထိုတံတားကြီးဟာ စစ်ပွဲတည်ရှိခဲ့ရာနေရာ...
တစ်ခါတစ်လေမှာ ထိုတံတားကြီးရဲ့ပတ်ဝန်းကျင်ဟာ
ခြောက်သွေ့သွေ့....
တစ်ခါတစ်ရံမှာ လရောင်တွေနဲ့လှပတယ်
တစ်ခါတစ်ဖန်မှာ ဆည်းဆာရောင်ကြောင့် ဝင်းပတယ်
တစ်သတ်မတ်တည်းရှိမနေပါ
တစ်ချို့သောနေ့ရက်တွေမှာ ရေတွေတသွင်သွင်စီးနေသလို တစ်ချို့တွေနေ့ရက်တွေမှာတော့ ရေခမ်းကာ မြက်ပင်စိမ်းတို့ကလွှမ်းခြုံတယ်......