စက်ရပ်နာရီဟောင်းလေး

20 4 4
                                    

      ဒီနေ့လည်း အစ်ကိုတို့လမ်းထိပ်က CoCo မှာထိုင်နေမိပြန်ပြီ။ ခေါက်ဆွဲထုပ်တူတူယူမိလို့ သတိထားမိရာကနေ နာမည်တောင်မသိတဲ့သူကို ညီမစွဲလမ်းမိတယ်။ ဒါပေမယ့်ညီမ နီးစပ်ဖို့တော့မကြိုးစားမိဘူး။ အစ်ကို့ကိုမြင်နေရတာနဲ့တင် ညီမပျော်တယ်။ နေ့တိုင်းအစ်ကိုကကျောက်ကျော‌ ဖျော်ရည်သောက်တယ်။ ညီမလည်းလိုက်သောက်တယ်။ အစ်ကိုလုပ်သမျှ ညီမအကုန်လိုက်လုပ်တယ်။

      ဒါပေမယ့် ဒီနေ့ကတော့ ညီမကံဆိုးတယ်ပြောရမလား။ ‌နေ့တိုင်းလိုလိုအကိုဟာ တစ်ယောက်တည်းအထီးကျန်နေ‌ပေမယ့် ဒီနေ့မှာတော့ အကိုဟာပြုံးရွှင်နေတယ်။ အကြောင်းရင်းကတော့ အကို့ဘေးကကောင်မလေးကြောင့်လို့ဘဲ ညီမထင်တယ်။

      အကို့အပြုံးကိုမြင်ဖူးချင်မိပေမယ့် ဒီတစ်ခါအပြုံးကိုတော့ ညီမမြင်ချင်ခဲ့တာ‌အသေချာပါ။ အကိုကပြုံးရင်သိပ်ကြည့်ကောင်းမှာဘဲလို့ ညီမတွေးခဲ့ပေမယ့် သိပ်ကြည့်ကောင်းတဲ့အကို့အပြုံးကို ညီမဘဝင်မကျပါ။ အကို့မှာကောင်မလေးရှိခဲ့ရင် ညီမခံနိုင်ရှိအောင်ကြိုးစားမယ်လို့ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့ပေမယ့် ညီမတကယ်ပျော့ညံ့သွားခဲ့တယ်။

" ကိုကိုဒီဘက်မှာထိုင်‌ရအောင်လေ "

" သဘော "

" ကိုကို ဟ "

" အာာ "

     ညီမဘေးက နေရာမှာမှရွေးထိုင်ရသလား။ အကိုက ညီမကိုနာကျင်စေဖို့မရည်ရွယ်ပေမယ့် ညီမမှာတော့ အလူးအလဲဘဲ။ ဒီနေ့ညအတွက်တော့ညီမ အသဲကွဲရဦးမယ်ထင်တယ်။ မသောက်တာကြာပြီဖြစ်တဲ့ ဘီယာနဲ့ စီးကရက်တစ်ဘူးကို counter မှာ ငွေးရှင်းပြီးလှည့်အပြန်မှာ အကိုညီမကို စိုက်ကြည့်နေခဲ့တယ်။

     အပြင်ရောက်ရောက်ချင်းပါဘဲ စီးကရက်ဘူးထဲကတစ်လိပ်ကို ပါးစပ်မှာဖွာလိုက်တယ်။ ဒါဟာနောက်တစ်ကြိမ်အသဲကွဲခြင်းပေါ့။

" ညီမ "

" ဟင် "

" ဒီနားမှာဆေးလိပ်မသောက်ပါနဲ့ ပြီးတော့ညီမ အသက်ရောပြည့်ပြီလား "

" ညီမအသက်ပြည့်ပြီးသားပါ "

      အကို့ကို ဒီလောက်သာပြောပြီး လှည့်ထွက်လာခဲ့လိုက်တယ်။ အကို့စကားကိုနားထောင်ပြီး သောက်လက်စစီးကရက်ကို ခြေထောက်နဲ့နင်းပြီး ငြိမ်းလိုက်တယ်။ ဆိုင်သာမဆိုင်တာ ပိုင်တော့ပိုင်ချင်မိသားနော်။

You've reached the end of published parts.

⏰ Last updated: Apr 19, 2021 ⏰

Add this story to your Library to get notified about new parts!

စက်ရပ်နာရီဟောင်းလေး ( One Shot )Where stories live. Discover now