1

96 3 0
                                    


Unicode

တစ်နေ့တစ်နေ့ ကီးဘုတ်ဖိုက်တာဆိုသည့် တာ၀န်ကိုယူကာ တော်လှန်ရေး၏ တစ်စိတ်တစ်ဒေသကနေပါ၀င်ရသည်မှာလည်း မလွယ်ကူပါ။ ရှေ့တန်းမှာ ကျဆုံးသွားသူများလေလေ ကိုယ့်ကိုယ်ကိုယ်အပြစ်မကင်းတဲ့စိတ်က များလေပါပဲ။ ကြားထဲက ကီးဘုတ်ဖိုက်တာတွေက အသုံးမကျဘူးဟူသည့် statusများအားတွေ့ရလျှင် ပို၍ပင်ရင်နာရသေးသည်။

8လမ်းမှာပစ်နေပြီ !!!!

8လမ်း 8လမ်းဆိုတာ ကိုယ့်သူငယ်ချင်းသွားသည့်နေရာပင်မဟုတ်ပါလား။ နေတဲ့နေရာနှင့်အနည်းငယ်ဝေးကွာသော်လည်း မိမိသူငယ်ချင်းရှိနေသည်ဟူသည့်စိတ်ကြောင့် စိတ်မအေးနိုင်ပေ။ ဖုန်းဆက်ရန်လဲ အဆင်မပြေသည်မို့ messageသာလှမ်းပို့တော့ သူတို့ပိတ်မိနေပြီ ဖြစ်ကြောင်းပြန်ပြောလာတာကြောင့် မိမိမှာ အစွမ်းရှိသမျှလမ်းရှာကာ ပြောပြရတော့သည်။ဘေးနား‌တွင်ရှိသော အမေဖြစ်သူမှာလဲ စိတ်မအေးနိုင်ပေ။  ငါ့အဒေါ်လှမ်းပြောတယ် သူတို့လမ်းမှာ ရှင်းတယ်‌တဲ့ နင်တို့ရောက်နေတဲ့ လမ်းနဲ့နီးတယ် အဲ့ဘက်က အိမ်တွေကလဲ ဒလန်ရှင်းတယ်ပြောတယ် အဲ့ကိုသွားလိုက် ဟုသာ messageပို့နိုင်သည်။ ပို့ပြီးမိနစ်အနည်းငယ်ပင်အကြာတွင် မိမိအဒေါ်မှ ဒီလမ်းထဲမှာ ခွေးတွေရောက်နေသည်ဟူ၍ ဖုန်းဆက်‌သောကြောင့် သူငယ်ချင်းဖြစ်သူအား မသွားတော့ရန်ပြန်ဆက်ရ ပြန်သည်။ အချိန်အတော်အကြာအထိ ဟိုလူ ဒီလူဖုန်းဆက်ကာ လမ်းရှာရင်း သူတို့ ထွက်ရပြီဆိုမှ မိမိမှာလဲ စိတ်အေးနိုင်သည်။

ညဘက်တွင် 8နာရီသံဗုံးတီးရမည့်တာ၀န်မှာလဲ ရှိသေးတာကြောင့်အခန်းထဲမှ ထွက်ကာ မညှပ်‌ရသေးသော ရှေ့ဆံပင်အားပြောင်သွားအောင်စီးလိုက်ရင်း ရှေ့ထွက်လာလိုက်သည်။ ထိုစဉ်သူငယ်ချင်းအနည်းစုနှင့်သာပြောလေ့ရှိသော messengerတွင် တစ်ခြားလူတစ်ယောက်က messageပို့လာသည်။ သူများတွေတောင် သံဗုံးစတီးနေပြီဖြစ်တာကြောင့် မိမိကိုယ်တိုင်လဲ စာမပြန်သေးဘဲ သံဗုံးသာစတီးလိုက်သည်။ 15မိနစ်တိတိကြာမြင့်ပြီးချိန်မှာတော့ ဖုန်းကိုကောက်ကိုင်လိုက်ကာ ထိုလူအား စာပြန်လိုက်ပါသည်။

ညီမ ဟုသာပို့ထားသော ထိုလူအား ဟုတ်ကဲ့ ဟုသာစာပြန်လိုက်သည်။ profileပုံကိုကြည့်ရုံနဲ့လဲ လူကိုမသိနိုင်ပေ။ maskတပ်ကာ လက်အိတ် ဦးထုပ် အပြည့်အစုံနှင့် Join the CDMဟူသော ဆိုင်းဘုတ်ကို ထောင်ကာ ရိုက်ထားသော ဓာတ်ပုံပေမို့။

နွေဦးတော်‌လှန်ရေး(Spring Revolution)Where stories live. Discover now