•Seven-year-old Jeon Jungkook•

1.3K 131 10
                                    

[Unicode]

​《Lost Baby Bunny》

လောကကြီးကတစ်ကယ် အံ့သြစရာ​ကောင်းတယ်။
အ​တွေ့အကြုံဆိုတာ ပြည့်စုံတယ်ရယ်လို့မရှိဘူး။
တစ်​နေ့တစ်​နေ့ ဖြတ်သန်းရင်း ကြုံ​တွေ့ဖူးတဲ့ အ​တွေ့အကြုံ​တွေရယ်၊ မကြုံ​တွေ့ဖူးတဲ့ အ​တွေ့အကြုံ​တွေက အလှည့်ကျ ကိုယ့်ဆီ ​ရောက်လာတတ်တယ်။

အခုလည်း ကျွန်မ ​မျှော်လင့်မထားတဲ့ အရာတစ်ခုက ကျွန်မဆီကို ​တည့်တည့်မတ်မတ်​ရောက်လာခဲ့တယ်။

က​လေး​လေးတစ်​ယောက်။
ချစ်စရာ ယုန်နားရွက်​လေး​တွေ​ထောင်​နေတဲ့ ဘီးကုတ်​လေး ဝတ်ထားပြီး အဖြူ​ရောင် အ​နွေးထည် ဂျက်ကက်ကို ဝတ်ထားသည်။
မျက်လုံးဝိုင်းဝိုင်း​လေး​တွေက​နေ မျက်ရည်​ပေါက်​လေး​တွေ တွဲခို​နေလျက် နှာ​ခေါင်း ပွပွ​လေးဟာလည်း နီရဲလို့။

အနီရောင် လက်အိတ်​လေး​တွေနဲ့ လက်တစ်ဖက်က ​ပြောင်းဖူး​ဟော့​ဒေါ့တစ်​ချောင်းကို ကိုင်ထားပြီး ကျန်တစ်ဖက်က​တော့ စီးကျလာတဲ့ မျက်ရည်စ​လေး​​တွေကို သုတ်​နေရှာသည်။

ခရစ္စမတ်ကာလမို့လို့ နှင်း​တွေကလည်း အဆက်မပြတ်ကျကာ ည ၈ နာရီအချိန်​လောက်ဆို​တော့ ​ဆောင်းရာသီ အ​အေးဆုံးအချိန်​တွေထဲက တစ်ခုဖြစ်​နေသည်။

အဲ့ဒီ ​ကောင်​လေးက ကျွန်မအား ရပ်ကာ ကြည့်​နေသည်။ ကျွန်မက​တော့ ပန်းခြံထဲက ခရစ္စမတ်သစ်ပင်ကြီးကို ​နောက်ခံထားပြီး Selfie ရိုက်​နေချိန် ကင်မရာထဲတွင် အတူ ​ပေါ်လာသည့် ထို​ကောင်​လေး​ကြောင့် အာရုံ စိုက်လိုက်မိသည်။

" ​​ကောင်က​လေး...ဘာဖြစ်လာတာလဲ?"

ကျွန်မကို စိုက်ကြည့်​နေတဲ့ ငို​နေတဲ့ က​လေး​လေးကို လျစ်လျူရှုလိုက်ဖို့အတွက် ကျွန်မ မလုပ်နိုင်။ သူ့ရဲ့ အနားသို့ ကပ်သွားကာ သူ့နှင့် မျက်နှာချင်းဆိုင်အ​နေအထားရ​အောင် ကျွန်မ ​မြေပြင်​ပေါ်သို့ ​​ဆောင့်​​ကြောင့် ထိုင်ကာမေးလိုက်သည်။

" ​မေ-​မေ​မေ မရှိ​တော့ဘူး..."

ကျွန်မရဲ့ ​မေးခွန်းကို ​ဖြေပြီး​နောက် မျက်ရစ်နှစ်ထပ်​လေးနဲ့ မျက်လုံး​လေး​တွေက​နေ တစ်ဖန် မျက်ရည်များ ကျလာသည်။ ကျွန်မ လက်ဖမိုးဖြင့် ထို​ကောင်က​လေး၏ မျက်ရည်များအား သုတ်​ပေးလိုက်ကာ..

You've reached the end of published parts.

⏰ Last updated: Apr 21, 2021 ⏰

Add this story to your Library to get notified about new parts!

7-year-old JK or 7 types of JK?Where stories live. Discover now