အပိုင်း - ၁၁ { ယဥ်ကျေးပျူငှာမှုဝယ် အတုံ့အလှည့်ရှိရန် လိုအပ်သည်}

5K 905 55
                                    

အပိုင်း - ၁၁

{ ယဥ်ကျေးပျူငှာမှုဝယ်
အတုံ့အလှည့်ရှိရန် လိုအပ်သည် }

တော်ဝင်ဆန်ကာ ခန့်ညားချောမောသော ရုပ်ရည်အရှိန်အဝါက လေအလျဥ်ကိုအန်တုနေသော ကျောက်စိမ်းသစ်ပင်နှင့် အလားပမာတူလှစွာ ၊ ရင်ကိုနွေးထွေးစေသော်လည်း စက္ခုပသာဒရှိစေလှသော်လည်း ကျင်ချီးကမူ ထိုသူ၏မျက်နှာကို လုံးဝမမြင်ချင်ပါပေ။

သူတို့အခေါ် "မနက်ခင်းညီလာခံ"ဆိုသည်မှာ အမှန်စင်စစ်တော့ ညီလာခံရှေ့တွင် မနက်စောစော သွားရပ်စောင့်နေကြသော အလေ့အထတစ်ခုသာဖြစ်သည်။ သူတို့ထံတွင် လက်ဆောင်ပဏ္ဏာပါလာလျှင် မင်းကြီးထံ ဆက်သကြမည်။ လက်ဆောင်မပါလာလျှင်လည်း နံနက်ခင်းကိုယ်ကာယလေ့ကျင့်ခန်းလုပ်သည်ဟု သဘောထားကာ အခြားမှူးမတ်များနှင့်အတူ အရှင်မင်းမြတ်အား အရိုအသေပေးရန် လာကြခြင်းဖြစ်သည်။

တစ်ယောက်ယောက်ကို သူတို့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းလိုပါလျှင် ထိုသူနှင့် ခပ်ကြာကြာလေး ဖော်ရွေပျူငှာစွာ ရွှင်ပျပြုံးပျော်စွာ အလိုတော်ကျ ပြောဆိုဖားယားကြလိမ့်မည်။ တစ်ယောက်ယောက်က သူတို့အတွက် မျက်စိစပါးမွေးစူးစရာဖြစ်နေလျှင်တော့ သူတို့၏စကားများကြား အထေ့အငေါ့၊ အပုတ်အခတ်လေးများ ညှပ်ပြီး ဖဲ့ပြောတတ်သည်။ ထို့နောက်မှာတော့ ပြန်ပြီး လူစုခွဲကြကာ မိမိတို့လုပ်စရာရှိသောအလုပ်များကိုသာ ဆက်လက်လုပ်ဆောင်ကြသည်။

ဧကရာဇ်မင်းမြတ်ကမူ လက်ဖက်ရည်လေးသောက်လိုက်၊ သီဆိုဖျော်ဖြေပွဲလေးကြည့်လိုက်၊ ငှက်စာကျွေးလိုက်နှင့် သူတို့၏ ငြင်းခုန်ရန်သတ်နေကြသည်ကို ဘယ်နားကအချိန်ဖဲ့ပြီး လာနားထောင်အားပါမည်နည်း။

ထို့ကြောင့် ဟယ့်လျန်ရိတစ်ယောက် နန်နဥ်စံအိမ်တော်သို့ရောက်တော့ အချိန်အားဖြင့် အလွန်စောနေသေးလေသည်။

ဤကမ္ဘာလောကကြီးထဲသို့ ပြန်ရောက်လာသောအချိန်ဝယ် ကျင်ချီးမှာ အသက်ဆယ်နှစ်သာရှိသေးသည့်အရွယ်ကို ပြန်ရောက်လာသည်ဖြစ်ရာ သူ့ထွက်သက်ဝင်သက်များထဲ နို့နံ့သင်းနေဆဲဖြစ်ပြီး အသံကလည်း ကလေးသံပေါက်နေဆဲသာဖြစ်သည်။ သို့သော် ကျင်ချီးစကားပြောလိုက်တိုင်း လူကြီးတစ်ယောက်၏ လေယူလေတိမ်းများနှင့် သွားသွားတူနေ၏။ ကလေးအရွယ်သာသာ လူကြီးအသေးစားတစ်ယောက်က ဤသို့သော လူကြီးစကားများ ပြောတတ်လေခြင်းဆိုပြီး လူတစ်ချို့ရယ်သွမ်းသွေးစေသည့် စကားများကို ရံဖန်ရံခါ ထထပြောတတ်သေးသည်။ သို့သော် အမြဲတမ်းလိုလို ထိုစကားမျိုးကို ပြောဆိုဖြစ်ခဲ့လျှင်လည်း လူများက သူ့ကို ကြောက်ရွံ့သွားကြလိမ့်မည်။

အရှင်ခုနစ် Kde žijí příběhy. Začni objevovat