အပိုင်း - ၁၄ { နှစ်ဟောင်းကုန်လုပြီ }

4.6K 894 77
                                    

အပိုင်း - ၁၄

{ နှစ်ဟောင်းကုန်လုပြီ }

မီးအိမ်ထွန်းညှိရမည့်အချိန် မရောက်သေးပေမင့် အခန်းထဲတွင် နေခြည်တန်းများ မှိန်ပျနေကာ မှောင်ရိပ်သန်းနေလျက်ရှိသည်။

ဟယ့်လျန်ချီက ပန်းပုရုပ်ကြွများဖြင့် ထုလုပ်မွမ်းမံထားသော သစ်သားထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေကာ သူ့လက်ထဲတွင်လည်း လက်ဖက်ရည်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထား၏ ။ သို့သော်လည်း မော့သောက်လိုက်ခြင်းမရှိဘဲ ၊ မလှုပ်မယှက် ငြိမ်သက်စွာဖြင့် ကြမ်းပြင်သို့သာ စိုက်ကြည့်နေပြီး လက်ချောင်းများကလည်း ခွက်၏အနားသတ်ကို မသိလိုက်မသိဘာသာ အကြိမ်ကြိမ်အခါခါ ပွတ်သပ်နေသည်။

တောက်ဘုန်းတော်ကြီးလီက လှုပ်လည်း မလှုပ်ယှက်၊ အသံလည်းမထွက်ဘဲ သူ့ဘေးနားတွင်ထိုင်နေ၏။ အရိုးပြိုင်းပြိုင်းပေါ်နေသောသူ့ရုပ်သွင်မှာ ညှိုးရော်နေလျက်ရှိကာခြောက်သယောင်းဖြစ်နေသော ပင်စည်တစ်ခုနှင့် ကွာခြားမှုသိပ်မရှိသဖြင့် ထိုဘုန်းတော်ကြီးရှိနေမှန်းပင် အခြားလူများ သတိထားမိမည်မဟုတ်။

ရုတ်တရက်ဆိုသလို ဟယ့်လျန်ချီက သူ့လက်ထဲရှိခွက်အား ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ရိုက်ခွဲပစ်လိုက်လေရာ ပူလောင်သောရေနွေးကြမ်းများက နေရာအနှံ့ ဖိတ်စင်သွားကုန်၏။ ပစ္စည်းကျကွဲသံကြားလိုက်တော့ တံခါးအပြင်ဘက်တွင် ရပ်စောင့်နေသော အစေခံမိန်းမပျိုက ချက်ချင်း အခန်းထဲသို့သုတ်သီးသုတ်ပျာဝင်လာကာ ကြောက်ရွံ့တုန်လှုပ်သွားခြင်းနှင့်အတူ ကွဲသွားသော ကြွေခွက်အပိုင်းအစများကို လက်ဖြင့်ပြန်ကောက်မည်အပြု၊ ဟယ့်လျန်ချီက သူမအား ချက်ချင်း အော်ငေါက်ပစ်လိုက်၏။

"ဒီခွေးမကတော့ !!!!! ဘယ်သူက မင်းကို အခန်းထဲဝင်လာခွင့်ပြုလို့လဲ၊ ခုချက်ချင်း ပြန်ထွက်သွား!!!!!"

အစေခံမိန်းမပျိုလေးမှာ ချွေးစေးများပြန်လာကာ ဟယ့်လျန်ချီအား လွန်စွာမှ ကြောက်လန့်သွား၏။ ကြက်သွန်မြိတ်များပမာ သေးသွယ်လှသည့် သူမ၏လက်ချောင်းများ ပြတ်ရှသွေးစွန်းသွားသော်လည်း စကားတစ်ခွန်းမှမဟရဲတော့ဘဲ ကုန်းကုန်းကွကွပြန်ထပြီး ဦးညွှတ်လိုက်ကာ အမြန်ပြန်ထွက်သွားတော့သည်။

အရှင်ခုနစ် Where stories live. Discover now