အပိုင်း - ၁၇ { ညခင်းလမ်းလျှောက်ချိန်တွင် ထွက်ပေါ်လာသော လူသတ်သမားများ }

4.8K 999 113
                                    

အပိုင်း - ၁၇

(ညခင်းလမ်းလျှောက်ချိန်တွင် ထွက်ပေါ်လာသော လူသတ်သမားများ)

🚫Warning - အနိဋ္ဌာရုံမြင်ကွင်း 🚫

ကျင်ချီး၏ အမြင်အာရုံမှာ ချက်ချင်းပင် ပြန်လည်ကြည်လင်သွားသည်။

စောနတုန်းက သူ လုံးဝ သတိမမူမိခဲ့၊ ယခုကျမှ သူတို့အဖွဲ့က လမ်းသွယ်လေးတစ်ခုထဲ ရောက်လာကြောင်း ကျင်ချီးသတိထားမိလိုက်သည်။ နှစ်သစ်ကူးအကြိုညတွင် ရွှေမြို့တော်တစ်ခွင်လုံး ပျော်ပွဲရွှင်ပွဲများဖြင့် ဆူညံတက်ကြွနေကြကာ လူအများက လမ်းမကြီးပေါ် ရောက်နေကြသော်လည်း ၊ ယခုလို လမ်းသွယ်မျိုးမှာမူ မီးအိမ်အောက်၌ ကွက်မှောင်နေသောနေရာလိုပင်ဖြစ်နေကာ လူသူများမရှိဘဲ အရင်နေ့များထက်ပို၍ပင် တိတ်ဆိတ်ခြောက်ကပ်နေ၏။

အားရှင်လိုင်က ဒေါသတကြီးအော်ပြောလာသည်။

"နတ်ဆေးဆရာလေး၊ အရှင်တို့နှစ်ယောက်အရင်ပြန်နှင့်ကြပါ"

အားကြီးလှသော အမျက်ဒေါသ၏ ဝါးမျိုခြင်းကို ခံလိုက်ရသော အားရှင်လိုင်က ကျောဘက်သို့ လက်လှမ်းလိုက်ကာ သူ့ဝတ်ရုံအောက် အမြဲတမ်းဖွက်ထားသည့် ပုံစံဆန်းဆန်း ဓားကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ တစ်ချက် အကဲခတ်လိုက်ရုံနှင့်ပင် အဖွဲ့တစ်ဖွဲ့က ဝူးရှီး၏နောက်သို့ လိုက်လာ​ကြခြင်းဖြစ်မှန်းကျင်ချီး ချက်ချင်းသိလိုက်၏ ။ ထို့အပြင် ဝူးရှီး၏တုံ့ပြန်ချက်အရ ဤသို့သောတိုက်ခိုက်မှုမျိုးကို ယခုမှ ပထမဆုံးအကြိမ် စတင်တွေ့ကြုံဖူးခြင်းမဟုတ်ကြောင်း ကျင်ချီးသိလိုက်ပေသည်။

သို့သော် ကျင်ချီးက အသံကိုနှိမ့်ကာ ဝူးရှီးအား ခပ်တိုးတိုးမေးလာ၏။

"ဘာဖြစ်တာလဲ"

ဝူးရှီးက နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားကာ ကျင်ချီး၏လက်မောင်းကို ဆုပ်ကိုင်လျက် သူ့ဘေးနား ဆွဲခေါ်ထားလိုက်သည်။ စောနတုန်းက တွေ့သမျှအရာရာတိုင်းကို စိတ်ဝင်တစား လိုက်ကြည့်နေတတ်သော ဝူးရှီး၏ထိုမျက်ဝန်းများမှာ ချက်ချင်းပင် အမျက်ဒေါသများဖြင့် အရိုင်းဆန်သွား၏။ သူက ကျင်ချီး၏ အမေးစကားကို ပြန်မဖြေဘဲ ဤသို့သာ ပြောလာ၏။

အရှင်ခုနစ် Where stories live. Discover now