(နောက် နှစ်ရက်အကြာမှာရောက်လာမယ့် ကိုယ့်ရဲ့
မွေးနေ့အတွက် ကိုယ်တိုင်ပြန်ပေးတဲ့
မွေးနေ့လက်ဆောင်တစ်နည်းအားဖြင့်
pre birthday present for myself. 🖤)
26.4.2021/9:00pm.
"ငယ် ဘာလို့ ဒီလောက်စိုက်ကြည့်နေတာလဲ "
စားပွဲခုံပေါ် လက်တင် လက်ပေါ်မှေးထောက်ပြီး အပြုံးမပျက် မျက်တောင်တစ်ချက်မခတ် ကျွန်မကိုငေးကြည့်နေတဲ့
အရှေ့က ချစ်ရသူကြောင့် ကျွန်မ မနေတတ်စွာ
မေးခွန်းထုတ်လိုက်မိသည်။"လှလို့ "
"အပိုတွေ "
ကျွန်မစကားကြောင့် သူ ရယ်သံတစ်ချက်ထွက်ကာ သူ့ရှေ့မှာ ရှိတဲ့ ကျွန်မ လက်ကိုဆွဲကိုင်ရင်း
"ဒါဆို နောက်တစ်မျိုးပြောင်းဖြေမယ် "
"မျက်စိရှေ့ကနေ ပျောက်သွားမှာစိုးလို့ "
တကယ်လည်း မျက်စိရှေ့ကနေ အပျောက်မခံနိုင် ဖုန်းတဂွမ်ဂွမ်ဆက်ပြီး လိုက်ရှာတတ်တဲ့ သူက ကျွန်မရှေ့မှာ ထိုင်နေတဲ့
ငယ် ဆိုတဲ့ ကျွန်မချစ်သူပါဘဲ"နည်းနည်း တည်တည်တံ့တံ့လေးနေပါလား ငယ် "
ထိုသို့ ကျွန်မရုပ်တည်နဲ့လေသံခပ်မာမာလေး ပြောလိုက်ရင် အပြုံးတွေကို ရပ်တန့်ကာ ချောင်းတစ်ချက်ဟန့်ပြီး သူဖြေမှာက
"ဟုတ်ပြီ သေချာဖြေမယ်
.
.
.
ချစ်လို့ "ဒါ ကျွန်မတို့နှစ်ယောက်ရဲ့ တစ်လပြည့် ရခဲလှတဲ့
အားလပ်ချိန်လေးကို သူက ကျွန်မကို ငေးကြည့်တာနဲ့
ကုန်ဆုံးသွားတာ ဘယ်လို ချစ်သူမျိုးကို ရထားတာလဲ
ကျွန်မ မသိပါဘူး။သွားပြီး စိန်မခေါ်ရဲဘူး တကယ်ကြီးကို တစ်နေ့လုံးလဲ
ကျွန်မကို သူ အပြုံးမပျက်မျက်တောင်တစ်ချက်မခတ်ဘဲ
ငေးကြည့်နိုင်တယ်။"ဆောင်း သိလား ငယ်က မိန်းကလေးတွေကို သဘောကျတာမဟုတ်ဘူး ပြီးတော့ ယောကျ်ားလေး တွေကိုလည်း
သဘောမကျပြန်ဘူး "နေ့လည်စာစားချိန်မို့ ကျောင်းသားတွေ ကန်တင်းမှာရှိလိမ့်မည် ဒါကြောင့် ငယ်က လွတ်လပ်စွာ ကျွန်မ ပေါင်ပေါ် အိပ်ရင်း
ထူးထူးဆန်းဆန်း စကားတွေပြောနေသည်။