အပိုင်း - ၂၂ ( နန်းမြို့တော်အားပွက်လောရိုက်စေခဲ့သော ချစ်မှုရေးရာကိစ္စ )
( Double Update for QiYe - Ch 21 & 22 .
21 ကို ကျော်ဖတ်မှာစိုးလို့ )ကျင်ချီးက ခေါင်းအနည်းငယ်ငုံ့လိုက်ကာ ဟယ့်လျန်ရိ၏အကြည့်များကို ရှောင်လွှွဲလိုက်သည်။
လုရှန်းမှာ ပါရမီဓာတ်ခံမြင့်မားသော စာပေသမားတစ်ဦးဖြစ်သည်။ သူ၏ စွမ်းရည်ကို အချိန်တစ်ခုကြာအောင် သွေးလိုက်ပြီးသည်နှင့် တိုင်းပြည်နိုင်ငံ၏ အရေးပါသော မဏ္ဍိုင်ကြီးတစ်ခုဖြစ်လာမည်ဖြစ်ကာ လူသူအများကို အုပ်ချုပ်ဖို့နှင့် တိုင်းပြည်ကို သာယာဝပြောစေဖို့ သူ၏သခင် ဧကရာဇ်ပြည့်ရှင်ကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ သို့သော် ထိုလူရွယ်လေးက စာပေသာအဖတ်များကာ အသက်လည်းငယ်ရွယ်နေသေးသည်မို့ ကမ္ဘာလောကကြီးနှင့် ရင်ဆိုင်ရသောအခါ သူ၏နည်းလမ်းများမှာ ရိုးအမှုနှင့် ကလေးဆန်မှုတို့ ပါဝင်နေသေး၏။
ဟယ့်လျန်ရိက စူးချင်းလွမ်ဆီ အရောက်အပေါက်များသည်ဟု ဆိုရာတွင် ထိုသွားရောက်လည်ပတ်မှုများထဲ ဘယ်နှစ်ကြိမ်က စိတ်ရင်းဖြင့် အလည်သွားခြင်းဖြစ်ကာ ဘယ်နှစ်ကြိမ်ကမူ ဟန်ဆောင်ပန်ဆောင်သွားခြင်းသာဖြစ်ကြောင်း ပြောရခက်လှသည်။ ထိုယောက်ျားက မမြင်နိုင်သော နှောင်ကြိုးတစ်ခုဖြင့် တင်းကျပ်မြဲမြံစွာ စည်းနှောင်ခံထားရသည့်ဟန်ပေါက်ကာ အကြီးမြတ်ဆုံးသော ပညာရှိဘုရင်ကြီးဖြစ်လာမည့် လမ်းကြောင်းမှသည် တစ်ကြိမ်တစ်ခါမှ လမ်းလွှဲသွားခြင်းမရှိခဲ့။ ရုတ်တရက် ပေါ်ပေါက်လာသော စိတ်လိုက်မာန်ပါဖြစ်မှုများကပင် ထိုယောက်ျားကို လွှမ်းမိုးထား၍မရနိုင်ခဲ့။
ကြောက်ရွံ့ထိတ်လန့်စရာကောင်းလောက်အောင် ခက်ထန်ကြမ်းကြုတ်သော ရည်မှန်းချက်များ၊ မြင့်မားလှသော ဦးတည်ချက်များ ရှိနေသော လူတစ်ယောက်ထံတွင် တစ်ပါးသူ မြင်နိုင်စွမ်းငှာ မတတ်သာသော ဝန်ထုပ်ဝန်ပိုးများ၊ စောင့်စည်းထိန်းသိမ်းရမှုများ ရှိနေပေမည်။
ယခုလက်ရှိအချိန်တွင် သူ၏နှလုံးသားမှာလည်း အတော်လေး ရှုပ်ထွေးနောက်ကျိနေကြောင်း ကျင်ချီးဝန်ခံပါသည်။ တစ်ဖက်တွင် လည်း သူနှင့်မသက်ဆိုင်သော အရှုပ်အထွေးများကို ရယ်သွမ်းသွေးကာ လေးလံလှသော သက်ပြင်းများနှင့်အတူ အေးဆေးတည်ငြိမ်စွာ စောင့်ကြည့်နေသည့် လမ်းဘေးပွဲကြည့်သူတစ်ပမာ ခံစားရပြီး၊ တစ်ဖက်တွင်လည်း လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက အကြောင်းများကို ပြန်ပြီးမစဥ်းစားမိစေဖို့ သူ့ကိုယ်သူ ထိန်းချုပ်ထား၍ မရခဲ့။ ထိုအမှတ်တရများကို သူ၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး ၊ အမှောင်မိုက်ဆုံးနေရာတွင် မြှုပ်နှံထားပြီးဖြစ်သော်ငြား.... ရူးမိုက်လှသော ထိုချစ်ခြင်းများက လေထဲရှိ မီးခိုးငွေ့များလို ပျောက်ကွယ်လွင့်ပါးသွားပြီဖြစ်သော်ငြား.....သူတို့အား လုံးဝ အရေးမစိုက်ခဲ့ဘဲ လွင့်ပါးပျောက်ကွယ်စေခွင့် ပြုထားသော်ငြား၊ ထိုချစ်ခြင်းများက တွယ်ငြိရစ်ခိုနေဆဲဖြစ်သည်။
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...