part34

1.8K 127 12
                                    

<Unicode>
' ကိုကို..´
' ဟင်..´
' ကိုကို ´
' ဗျာ..´
' ကိုကို..´
' ပြောပါ ဘေဘီရဲ့. ´
' ကိုကိုလို့..´
' ဘာပြောမလို့လဲ ဘေဘီ ´
' ကိုကိုက ကျနော့်ကို စိတ်မရှည်တော့တာလား..´

ဟမ်..။ဒီကလေး ဆူညောင့်ညောင့် အသံနဲ့ မေးလာပြီ။

' မဟုတ်ရပါဘူးဗျာ..´
' ကြည့် ကြည့်..လေသံကိုက စိတ်မရှည်တဲ့ လေသံကြီး..´
' မဟုတ်ဘူးလေ ဘေဘီရဲ့..ကိုယ်က အလုပ်လုပ်နေတော့..´
' ကိုကိုက ငြိုငြင်တာလား..´

ရိပေါ် သူ့ရှေ့က လက်နှစ်ဖက်နဲ့ မှေးထောက်ထားရင်း ရစ်ထုပ်လုပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး သက်ပြင်းခပ်သဲ့သဲ့ချကာ Laptop ကို ပိတ်ထားလိုက်မိတယ်။ဘာများမှားသွားပြန်ပြီလဲ..ရိပေါ် အသဲအသန်ပြန်စဥ်းစားရတယ်။

မနေ့က ဝမ်အိမ်တော်မှာ ညစာစားပြီးလို့ မာမားတို့နဲ့ ကျန်ခဲ့ဖို့လုပ်တာကို ပြန်ခေါ်ခဲ့တာကြောင့်လား။ဟင့်အင်း..ဘေဘီက ကြည်ကြည်ဖြူဖြူ နဲ့ ပြန်လိုက်ခဲ့တာပါ။

ဒါဆို ဒီမနက် company ကို အတူခေါ်လာကြောင့်လား။မဟုတ်ဘူး..ခါတိုင်းလည်း အတူလိုက်နေကျလေ..။မနက်က Company သွားဖို့တောင် ကိုယ့်ထက်သူက အရင်ပြင်ဆင်ပြီးတာလေ ။

' ကျတော်တယောက်လုံးရှိနေတာတောင်..ဘယ်ကောင်မအကြောင်း စဥ်းစားနေပြန်တာလဲ..´
' ဟမ်..မဟုတ်ပါဘူး ဘေဘီရဲ့ အပြင်မှာ ဘာသွားစားမလဲ တွေးနေတာ..´

မုသားနဲနဲတော့သုံးမိတဲ့အတွက်တော့ ကိုယ်  တောင်းပန်ပါတယ်။ခုအခြေအနေက အမှန်အတိုင်းပြော လို့ရတာမဟုတ်ဘူးလေ။

ဟော..ရိပေါ်ပြန်ဖြေတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ရှောက်သီးဝါးစားမိသလို ရှုံ့မဲ့သွားပြီ။

' အော်ဟော.....ခင်များရှေ့ ငုတ်တုတ်ကြီးထိုင်နေတဲ့ ကျနော်က..ဘာစားချင်လဲ မေးဖော်တောင်မရလောက်အောင်..အရေးမပါတာလား..´
' မဟုတ်ဘူးနော် ဘေဘီ..လုံးဝမဟုတ်ဘူး..ဘေဘီက ကိုယ့်ဘဝမှာ အရေးအပါဆုံးလူ ´

လက်လေးတရမ်းရမ်း လုပ်ရင်း ရိပေါ် အကြောက်အကန် ငြင်းမိတယ်။

ရစ်လုံး လုပ်နေတာဖြစ်ဖြစ် စိတ်ဆိုးနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အတွက် သူက အရေးမပါတဲ့လူလို့ထင်မိသွားမှာ သေလောက်အောင်ကြောက်ရပါတယ်။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Donde viven las historias. Descúbrelo ahora