အပိုင်း - ၂၃
{ ငြင်းဆန်လိုက်လျှင်
အရိုအသေမဲ့ရာကျသွားလိမ့်မည် }ကျင်ချီးမှာ ချက်ချင်းပင် ဆွံ့အသွား၏။ ဝူးရှီးလည်း နောက်ဆုံးတွင် သတိပြန်လည်လာကာ သူ့ပါးစပ်မှထွက်လာသော ထိုစကားများက သိပ်ပြီးဆီလျော်မှုမရှိကြောင်း နားလည်သွားသဖြင့် ကရောသောပါး ရှင်းပြလာ၏။
"အရှင့်သားကို မိန်းမသားတွေနဲ့တူတယ်လို့ ပြောတာ မဟုတ်ရပါဘူး ၊ အရှင့်သားရဲ့ ရုပ်ရည်ချောမောမှုကို ကျွန်တော်ချီးမွမ်းရုံတင်ပါ "
ကျင်ချီး၏နှုတ်ခမ်းထောင့်စွန်းလေး အနည်းငယ် တွန့်သွား၏။ ထို့နောက် အသက်မဲ့စွာ ရယ်လိုက်သည်။
"ချီးမွမ်းစကားအတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ဘာကြောင့်ရယ်မှန်းမသိ၊ ထိုစကားက ဝူးရှီးအား လွန်စွာဝမ်းသာသွားစေ၏။
ကျင်ချီးမှာမူ မျက်ဖြူလန်ချင်သွားကာ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။ ကျီရှန့်ရောက်လာပြီး ဝူးရှီးအား လက်ဖက်ရည်ပွဲလာရောက်ဆက်သပေးလာသည်အထိ စောင့်ဆိုင်းပြီးခါမှ ကျင်ချီးက ဆက်မေးလာ၏။
"ငါ မင်းကိုမေးကြည့်ချင်တဲ့ အရေးကြီးကိစ္စတွေရှိနေတာ၊ မင်းရောက်လာတာနဲ့ အတော်ပဲ"
"ဟုတ်ကဲ့၊ မေးပါခင်ဗျာ"
ဝူးရှီး ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်နှာရိပ်မျက်နှာကဲမှာ မမေးခင်ကတည်းက သိနှင့်နေသလိုမျိုး၊ ဘာကိုမှကြိုတင်မှန်းဆနေစရာမလိုသည့်ဟန် ရနေပေသည်။
ကျင်ချီး အနည်းငယ် အံ့အားသင့်သွား၏။
သူ၏ပင်ကိုဓာတ်ခံကိုက တစ်ပါးသူကို အယုံအကြည်မရှိသော၊ သံသယများတတ်သော လူစားမျိုးဖြစ်လေရာ၊ ဝူးရှီး၏ ပွင့်လင်းရိုးသားသော ဗီဇသဘာဝမှာ သူ့အတွက်မူ လုံးဝဖြေရှင်း၍မရသော ပဟေဠိတစ်ပုဒ်လို ဖြစ်နေခဲ့သည်။ ရိုးသားဖြောင့်မတ်သော အမျိုးကောင်းသားတစ်ယောက်ကို ဆန်းစစ်ကြည့်ချင်သည့် လူဆိုးတစ်ယောက်၏စိတ်ထားရှိနေသည့်နှယ် ကျင်ချီးက ထိုကောင်လေးအား နောက်ထပ်တစ်ဖန် သေသေချာချာ မေးမြန်းကြည့်လိုက်သည်။
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...