ညည့်ဦးယံစည်တော်တီးပြီးချိန် အဆောင်တော်ထောင့်များတွင်ထွန်းညိှထားသည့် မီးပုံးများကလင်းထိန်နေပြီး ညစောင့်ရဲမက်များရဲ့ ကင်းလှည့်နေသည့်ခြေသံများသာကြီးစိုးသည်အထိ နန်းတော်ကြီးဟာတိတ်ဆိတ်နေလျှက်ပင်။
နန်းတော်တောင်ဘက်ရှိ ဇာမဏီဆောင်သည် ယနေ့မှ အစောင့်ရဲမက်အင်အားထပ်တိုးဖြည့်ထားသလို မီးစာခပ်ရဲရဲနှင့်မီးတုတ်များကိုင်ထားသည့် ရဲမက်များက အဆောင်တော်ရဲ့နေရာအနှံ့မှာ သတိအနေအထားဖြင့်။
နန်းတော်တစ်ဖက်ခြမ်းက ခြုံပုတ်ထဲမှာတော့ဖြင့် အနက်ရောင်ဝတ်စုံများနှင့် အထူးလေ့ကျင့်ထားသည့်အမတ်ချုပ်ကြီး၏ လူများဟာ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေသည်။
"ဟက် မင်းကြီးက ဘယ်အချိန်တည်းက ငါတို့အစီစဥ္ကိုရိပ်မိနေတာလဲ"
အရပ်သားဝတ်စုံဝတ်ထားကာ အဝေးတစ်နေရာကနေ မှောင်ရိပ်ခိုပြီး စောင့်ဆိုင်းနေကြသည့် အမတ်များထဲမှ တစ်ဦးက ထိုသို့စကားဆိုလာသည်။
"အစောင့်တွေလျှော့ထားတယ်ဆိုမှ ပိုမသင်္ကာစရာဖြစ်မှာ"
"လူကြီးမင်းစကားကအမှန်ပဲ ကျုပ်တို့အမတ်တွေနဲ့အတိုက်အခံလုပ်နေတည်းက ကြင်ယာတော်နားမှာ သက်တော်စောင့် ၃ ဦးထက်မနည်း တိုးမြှင့်လိုက်တာ"
တစ်ယောက်သောအမတ်ကတော့ဖြင့် ငြိမ်သက်ကာ အခြေအနေကိုစောင့်ဆိုင်းနေစဲ။
ထိုအချိန် ဝတ်ရုံခြုံထားသည့်နန်းတွင်းသူတစ်ဦးက ခပ်သုပ်သုပ်လျှောက်လာကာ အနောက်ကို လှည့်ကြည့် လှည့်ကြည့်ဖြင့်။
"အခြေအနေဘယ်လိုလဲမယ်မင်း"
တစ်ချိန်လုံးငြိမ်နေသည့်အမတ်ကြီးက တစ်နည်းအမတ်ချုပ်ဖြစ်သူက ထိုနန်းတွင်းသူကိုမြင်သည်နှင့် မေးခွန်းထုတ်မေးလာသည်။
"လူကြီးမင်းခိုင်းထားတဲ့အတိုင်းအစီစဥ္တကျလုပ်ခဲ့ပါတယ်"
ဘယ်လောက်ပဲအထူးလေ့ကျင့်ထားတဲ့တပ်ဖွဲ့ရှိနေပါစေ ဘုရင့်နန်းတော်ထဲထိဝင်ပြီး ကြင်ယာတော်ကိုရှင်းပစ်မယ်ဆိုတာက သိပ်ကိုစွန့်စားရာကျသလို မင်းကြီးကိုလဲတစ်ဖက်နည်းနဲ့ ပုန်ကန်ရာရောက်သည်။
YOU ARE READING
Consort Byun
FanficOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]