Epi <29> - Pregnant ? Who ?

2.6K 127 0
                                    

[Unicode]

များစွာသော အလုပ်ကိစ္စတွေအပြီး ယွန်းဂီ သူ့ကလေးနဲ့တွေ့ပြီး ချော့ဖို့ဖင်တကြွကြွဖြစ်နေသည် ။
ငိုင်နေတဲ့ ဂျောင်ဂု ကလည်းအလုပ်လုပ်ချိန်တစ်ခါမှ
မဖြစ်ဖူးလို့ ခပ်စောစောလတ်စသတ်ဖို့ ပြင်သည် ။

" ဂျောင်ဂု ကလေးကဘယ်အခန်းမှာလဲ "

" တစ်ယောက်ယောက်ကိုသာ မေးလိုက်ပါတော့
ကျွန်အော်အခန်းထဲပြန်မှရတော့မယ် "

နားထင်ကိုလက်နဲ့ဖိကာ အခန်းပြင်ပြန်ထွက်သွားတဲ့ ဂျောင်ဂု
ကြောင့် ယွန်းဂီ မျက်မှောင်ကြုတ်ကြည့်မိသည် ။ ဒါပေမယ့်
မဟုတ်လောက်ပါဘူးလေ ဆိုပြီး ။

" ကလေးရေ ... ကလေး "
_______________________________

ဂျောင်ဂု အခန်းထဲဝင်သွားတော့ တီဗီကြည့်ရင်းမုန့်စားနေတဲ့
ထယ်ယောင်း ကပြုံးပြသည် ။ သူလည်းပြန်ပြုံးပြရင်း
ကုတင်ပေါ်သွားကာ လှဲနေလိုက်သည် ။ နေရတာ
မူးနောက်နောက်နဲ့ ဘာစားစားမဝင်ပဲပျို့နေတာ ။ အချစ်
သမီးကိုစရတုန်းကလိုပဲ ။

" မောင့် ... "

" အင်း အချစ် "

" နေမကောင်းဘူးလား "

" ဘာလိုဖြစ်နေမှန်းမသိပါဘူးအချစ်ရာ "

" မေမေ့မွေးနေ့လား ရက်လည်ရက်လား "

ဂျောင်ဂု ခေါင်းခါပြသည် ။ မေမေ့နဲ့ပတ်သတ်တဲ့ရက်တွေမှာ
အမြဲဒီလိုဖြစ်တတ်လို့ မေးပြန်တော့လည်းဘာနေ့မှမဟုတ် ။

" အကိုယွန်းဂီကို သွားခေါ်ဦးမယ် "

" ခေါ်မနေပါနဲ့ကွာ "

" ဟွန့် ... "

အမှန်တကယ် ခေါ်တော့ခေါ်ချင်ပါတယ် ။ ခေါ်ချင်ပေမယ့်
မခေါ်ချင်ဘူး ။သူ့ကိုပြောပြပြီးဆေးသောက်လိုက်ချင်ပေမယ့်
ကိုယ်နေမကောင်းနဲ့ပုံစံကိုမပြချင်တဲ့ မာနကရှိသေးသည် ။
ဂျောင်ဂု ဆိုတာ ငယ်ငယ်ကတည်းက သန်မာအောင်နေပြီး
အရမ်းကျန်းမာခဲ့တာ ။

ထယ်ယောင်း ကိုကြည့်တော့ ဆိုဖာပေါ်မှာပွစိပွစိပြောပြီး
မုန့်တွေတကြွပ်ကြွပ်ကိုက်စားနေသည် ။ ကြည့်ရတာ
စိတ်ကောက်သွားပြီထင်တယ် ... ချော့ရပေဦးမှာပေါ့ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Où les histoires vivent. Découvrez maintenant