part35

2K 123 6
                                    

<Unicode>
ရောင်ခြည်နုနုဖြာတဲ့ မနက်ခင်းမှာ ရိပေါ်နိုးလာတော့ ရင်ခွင်ထဲဖက်ထားတဲ့ ကောင်လေးက ကွေးကွေးလေး အိပ်ပျော်နေသလို ဟောက်သံပိစိပါထွက်လို့။

မြတ်နိုးမှု ကုဋေကုဒြာပါဝင်တဲ့ အနမ်းတပွင့်ကို နဖူးပေါ်ချွေလိုက်ရင်း ကိုယ်တိုင်ကတော့ မျ​က်နှာသစ် အဝတ်အစားလဲပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။

ဒီနေ့က America ရောက်တဲ့ ပထမဆုံးနေ့...။

အတိအကျပြောရရင် ရိပေါ်ရဲ့ အသဲတုန်လေးရှောင်းကျန့် ကြီးပြင်းလာခဲ့တဲ့ California က ရှောင်းအိမ်တော်ကိုရောက်နေတာ။

' morning မာမား..´
' Morningရိပေါ် ! Toyလေးကော..´

မီးဖိုချောင်မှာ မနက်စာပြင်နေတဲ့ ရှောင်းမာမားက ရိပေါ်ကိုလှည့်ကြည့်ပြီး  အပြုံးချိုချိုလေးတွေနဲ့ လှမ်းမေးတယ်။ကောင်လေးရဲ့ အပြုံးချိုချိုလေးတွေက ရှောင်းမာမားဆီကနေ အမွေရထားပုံပဲ။

' ဘေဘီက အိပ်နေတုန်း မာမားရဲ့..´
' ဒီကလေး အရင်ကဆို အစောကြီးထနေကျ..ရိပေါ်သိလား Toy ငယ်ငယ်တုန်းကဆို..သူအရင်ထပြီး..တအိမ်လုံးကို လိုက်နှိုးတာ..အိပ်ချင်တောင်မအိပ်ရပါဘူး..´

ရှောင်းမာမားအပြောကြောင့် ရိပေါ်ပြုံးမိတယ်။ဒီပတ်ဝန်းကျင်မှာ ကောင်လေးဘယ်လို ကြီးပြင်းခဲ့မလဲ သူသိပ်သိချင်တာပဲ။

' ကျနော် ဘာကူရမလဲ မာမား..´
' ရပြီရိပေါ်ရဲ့..ပါပါးပြန်လာရင် စားဖို့အဆင်သင့်ပဲ..´

ရှောင်းမိသားစုက မနက်စာ ညစာကို လူစုံတက်စုံစားတတ်​ကြောင်းလည်း ကောင်လေးပြောပြထားတာမို့ ရိပေါ်သိထားပါတယ်။အတူမစားရင် ပါပါးကမကြိုက်ဘူးတဲ့လေ။

' ပါပါးက အစောကြီးဘယ်သွားတာလဲမာမား..´
' သူ့အစ်ကိုနဲ့ အတူတူပြေးတာလေ..အရင်ကတော့ Toyနဲ့အတူတူပြေးနေကျ..ဒါပေမယ့် Toyပါရင်ကျ အဝေးကြီးပြေးလို့မရပါဘူး..ခြေထောက်ရောင်တတ်လို့လေ..ဒီကလေး နဲနဲမှအပင်ပန်းခံလို့မရပါဘူး..´

' ကိုကို..´

အသံကြားလို့ လှည့်ကြည့်လိုက်တော့ မီးဖိုချောင်အဝင်ဝမှာ အိပ်စုံမှုံဝါးနဲ့ ရပ်နေတဲ့ကောင်လေး..။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now