Unicode
ကိစ္စတွေအားလုံးကိုစီစဥ်ပြီးတော့မှပဲ ရှီရှန်းလည်း ဖူချင်းဆီသွားပြီး နိုင်ငံခြားသွားဆေးကုဖို့အတွက်ဖြောင်းဖြနိုင်တော့တယ်
ရှီရှန်းရောက်သွားတဲ့အချိန်မှာ ဖူမိသားစုက သူ့ကိုအဲ့ဒီအကြောင်းပြောပြပြီးပုံရတယ်
လူတိုင်းကသတိထားနေကြပြီး ဖူချင်းရဲ့အခန်းနားကိုဘယ်သူမှမကပ်ရဲကြဘူးဦးလေးကျန်းနဲ့သက်တော်စောင့်အဖွဲ့ကလည်း လှေကားနားမှာစိတ်ပူနေတဲ့အမူအရာတွေနဲ့ရပ်နေကြတယ်
သူတို့ကရှီရှန်းကိုမြင်တော့ ကယ်တင်ရှင်တစ်ပါးလို၀မ်းသာအားရကြိုဆိုလာကြပြီး ဖူချင်းရဲ့အခန်းဆီကိုအလျင်အမြန်ခေါ်ဆောင်သွားကြတယ်
ဖူချင်းရဲ့အခန်းထဲမှာ မှောင်မဲနေပြီး အမဲရောင်လိုက်ကာစတွေကနေရာအကြားအလပ်မရှိအောင်ကွယ်ထားတာကြောင့်နေရောင်ခြည်တစ်စက်မှမ၀င်နိုင်ဘူး
တစ်ခုတည်းသောအလင်းရောင်က အိပ်ရာပေါ်မှာရှိနေတဲ့laptopတစ်လုံးဆီကနေသာလာတယ်ဖူချင်းက အိမ်ရာပေါ်မှာထိုင်နေပြီးlaptopကို နူးညံ့စွာကြည့်နေတယ်
Laptopမှာ ဗီဒီယိုတစ်ခုကို အသံပိတ်ပြီးဖွင့်ထားတယ် ဖူချင်းရဲ့အခုလို နူးညံ့တဲ့ဘက်ခြမ်းကို သူမတစ်ခါမှမမြင်ဖူးဘူးရှီရှန်းကအခန်းတံခါးကိုပိတ်ပြီးဖူချင်းဆီဖြေးညင်းစွာလျှောက်သွားတယ် laptop screenကိုသူမသေသေချာချာမြင်နေရတယ်
ဗီဒီယိုထဲမှာ အသက် ၄/၅နှစ်အရွယ်ကောင်လေးတစ်ယောက်က ထိုင်ခုံမှာကြိုးနဲ့ချည်ခံထားရပြီး ကြောက်လန့်တကြားရှိုက်ငိုနေတယ်
သူ့ဘေးမှာလည်း အမျိုးသမီးတစ်ယောက်ကထိုင်ခုံမှာချည်ခံထားရတယ် သူမကိုကြည့်ရတာ ကောင်လေးကိုနှစ်သိမ့်ချော့မော့ဖို့ တစ်ခုခုပြောနေပုံပဲမြင်ကွင်းကအနည်းငယ်လှုပ်ရမ်းသွားပြီးအမျိုးသားတစ်ယောက်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းကိုမြင်လိုက်ရတယ် သူ့ရဲ့မျက်နှာကိုမမြင်လိုက်ရပေမယ့်လည်း အမျိုးသမီးရဲ့ဒေါသထွက်ပြီးစိတ်ရှုပ်ထွေးနေတဲ့ပုံစံအရ သူကတစ်ခုခုပြောနေတဲ့ပုံပဲ
YOU ARE READING
ရှီရှန်း (ရှီရှန်း) Book 2 Arc 5 to Arc 10
Teen FictionThis is not my own story just for offline reading and Myanmar transalation . full crd to original uploder and english transatator.