Unicode
ဦးဝေရှေ့ မှ ထွက်လာပြီး ရေချိုးခန်းထဲ ရောက်သည့်အခါ ထိန်းထားသည့်မျက်ရည်များ အတားအဆီးမဲ့ ကျလာ၏ ဦးဝေပြောသည့်အတိုင်း အခန်းထောင့်မျက်နှာမူရပ်၍ သူရိန်လုပ်ခဲ့သည့်အမှားတို့ကိုပြန်စဥ်းစားရသည်။ ပြုလုပ်ခဲ့ မိသည့်အပြစ်က ကြီးမားသည့်အပြင် စောင့်ထိန်းရမည့်ကျင့်၀တ်ကိုပါဖေါက်ဖျက်ခဲ့မိသည့် သူရိန့်အပြစ်က ခွင့်လွှတ်ချင်စရာမရှိ။ မိနစ် ၃၀ ခန့်ကြာသည့်အခါ တံခါးဖွင့်သံကြားပေမယ့် သူရိန် လှည့်မကြည့်ရဲ။ တစ်ဆက်တည်းကြားလိုက်ရသည်က တံခါး lock ချသံ။
"ဒီလာခဲ့"
ဦးဝေ လက်ညှိုးထိုးသည့်နေရာက ရေပန်းအောက်တည့်တည့်။ လက်ထဲ ကိုင်လာသည့် ကြိမ်လုံး ခပ်ပါးပါး ၂ လုံးကြောင့် သူရိန် နေရာက မရွေ့ချင်တော့။ခပ်သေးသေး သွယ်သွယ် ကြိမ်လုံးလေး နှစ်လုံးသည် သူရိန့်ကိုတော်တော်ခြိမ်းခြောက်နိုင်၏ ဦးဝေခေါ်သည့်နေရာ သွားသည့်အခါ ရေပန်း ကိုရုတ်တရတ်ဖွင့်ချလိုက်တာကြောင့် လန့်၍အနောက်ဆုတ်လိုက်မိသည်။ သို့သော် *ရပ်နေ* ဟူသည့် စကားနှင့်အတူလက်မောင်းမှ ခပ်ကြမ်းကြမ်းဆောင့်ဆွဲ ခံလိုက်ရပြီး ရေကျနေသည့် ရေပန်းအောက်ပြန်ပို့ခံလိုက်ရ၏ ခေါင်းပေါ်မှ စီးကျလာသည့်ရေများ ကြောင့် ရေမမွှန်းစေရန် သူရိန်ခေါင်းငုံ့ထားလိုက်သည်။ အ၀တ်အစားခပ်ပါးပါးသာ၀တ်ထားသည့် သူရိန်တစ်ကိုယ်လုံးကိုလည်း ခနချင်း စိုရွဲကုန်စေသည်။ 2 မိနစ်ခန့် ဖွင့်ထားပြီးမှ ရေကိုပိတ်ချလိုက်တာကြောင့် သူရိန်ဦးဝေ ကိုမော့ကြည့်မိသည်။ သို့သော် အေးစက်စက်မျက်၀န်းများကြောင့် သူရိန်ခေါင်းငုံ့ချမိ၏ ထိုမျက်၀န်းတို့ကိုသူရိန်မကြိုက်ပါ။ သူရိန် လို့ခေါ်လိုက်တိုင်း မြင်ရသည့် နွေးနွေးထွေးထွေးမျက်၀န်းတို့ကို သာသူရိန်လိုချင်ခဲ့သည်။
"ပြော မင်းအပြစ်တွေ.....တစ်ခုမှ မကျန်စေနဲ့"
"ဟုတ်......ဦးဝေကို ခွင့်မတောင်းသွားမိတဲ့ အလုပ်ကို လုပ်မိပါတယ်။ ပြီးတော့.... ကျွန်တော် ......... ဟို..............."
"..........."
"ဦးဝေ မကြိုက်တာ အများကြီးလုပ်မိပါတယ်။ ကြိုက်တဲ့အပြစ်ပေးပါ။ ဦးဝေ ပေးတဲ့ အပြစ်ခံပါ့မယ်"