"ဆောနူအဖွား ဆောနူအဖွား"
ခြံထဲတောင် မရောက်သေး လမ်းထိပ်ကနေ အမောတကော အော်ခေါ်လာတဲ့ ဂျောင်၀န်းအဖွား
မြေးအဘွားနှစ်ယောက် ကောက်သစ်စားပွဲတော်အတွက် အစားအစာပြင်ဆင်နေတုန်း ဂျောင်၀န်းအဖွားခေါ်သံကြောင့် ခြံ၀ကို လှည့်ကြည့်မိတယ်
"အမလေးေတာ် ဖြည်းဖြည်းလာပါ ဘာအရေးကြီးလို့ အလောတကြီးအော်ခေါ်နေတာတုန်း"
"ခဏ ခဏ မောလိုက်တာ ပြောပြရဦးမယ် မြို့ထိပ်က ကျောင်းရဲ့ဆေးပေးခန်းမှာ ဆိုးလ်မြို့က ဆရာ၀န်လေး ပြောင်းလာမယ်လို့ကြားတယ်"
အကြော်ဗန်းထဲက အကြော်တွေနှိုက်စားဖို့ ပြင်နေတဲ့ ဆောနူရဲ့လက်က တွန့်သွားပြီး အဘွားနှစ်ယောက် စကားဝိုင်းကို နားထောင်မိတယ်
"အရမ်းချောတာတဲ့ အရပ်ရှည်ပြီး သန့်ပြန့်နေတာပဲလို့ကြားတယ်"
"အိုမို အဲ့လောက်ချောပြီး အရမ်းတော်တဲ့ မြေးသမက်ကိုရတဲ့သူကတော့ ကံကောင်းမှာပဲအေ"
"အိမ်ထောင်သည်မဟုတ်ဘူး လူပျိုလေးတဲ့ လူပျို"
ဆောနူကတော့ အဖွားနှစ်ေယာက်ရဲ့စကားေကြာင့် အသာခေါင်းခါမိတယ် သူတို့မြို့လေးကို ဆိုးလ်က ဘယ်သူပဲပြောင်းလာပြောင်းလာ ဂျောင်၀န်းအဖွားက အရင်ဆုံးသိ ပြီးရင် ဆောနူအဖွားကို အမောတကော လာပြောပြတတ်တဲ့အကျင့်တွေကြောင့် သူတို့မြို့ရဲ့ သတင်းဦး သတင်းထူးကို သူတို့ေမြးအဖွား အရင်ဆုံးသိရတယ်
"အဖွားးးးးးး"
သူ့အဖွားအသံပါဝါကောင်းတာလဲ မပြောနဲ့ မြေးကအစ အသံပါဝါကောင်းတဲ့ ယန်းဂျောင်၀န်း
"အဖွားရာ အကြော်ဗန်းကြီးကို ဒီတိုင်းထားပြီး ထွက်သွားရတယ်လို့ အကြော်တွေ တူးကုန်ပြီဗျာ"
အဲ့တော့မှ ဂျောင်၀န်းအဖွားလဲ သတိရပြီး အလောတကော
"အမလေး ငါ့အကြော်တွေ ကုန်ပြီ ကုန်ပြီ သွားပြီ ဆောနူအဖွားရေ နောက်မှ လာခဲ့ဦးမယ်"
ခပ်သွက်သွက်ထွက်သွားတဲ့ သူ့အဖွားနောက် ဂျောင်၀န်းလိုက်ရပါဦးမယ်