ဆိုင် အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ ဝယ်ပြီးချိန်မှာ တော့ နေရောင် ဟာ ပုဇွန်ဆီရောင်တောင် ပြောင်းလဲနေခဲ့ပြီ။ ကားနောက်ခန်းမှာ ပစ္စည်းတွေကို သေချာစီစီရီရီထား ကြိုးသိုင်းပြီးနောက်မှာတော့ အပေါ်ကနေ မိုးကာစအုပ်မိုးပြီး ကြိုးတွေချီလိုက်တယ်။ ဒီလောက်ဆိုရင် တောင်ပေါ်လမ်း တစ်လျောက်လုံး စိတ်ချလက်ချ မောင်းလို့ရပြီ။ လမ်းမှာ ကိုယ့်အတွက် လိုအပ်မယ့် ပစ္စည်းတွေ နဲ့ ကျောပိုးအိတ် ကို နောက်ခန်းထဲထည့်ပြီး နောက် အိမ်ပြန်ခရီးစတင်လိုက်တယ်။ ပုဇွန်ဆီရောင် ကောင်းကင်ကို နောက်ခံထားပြီး မောင်နှင်းနေတဲ့ double cab car အနက်ရောင်လေးဟာ အရှေ့ဘက်သို့ တစ်ရွေ့ရွေ့ ထွက်ခွာသွားတော့တယ်။
ညနေစောင်းအချိန် လူရှုပ်တဲ့နေရာကို ပြပါဆို လမ်းဆုံလမ်းခွတွေ ကို ပြရမယ်ထင်တယ်။ မြိုပြရဲ့ အရသာ ဟာ တော်တော်လေးတော့ နားညီးတယ်။ ဒါမယ့် လူတွေက မြို့ပြကို ကြိုက်ကြတယ် နားညီးပင်မယ့် လိုတိုင်းရတယ်လေ။ ကျွန်တော့်လို တကူးတက တစ်ညအိပ်နှစ်ရက် လောက်အချိန်ပေးပြီး လိုအပ်တာတွေ ဝယ်စရာမလိုဘူးပေါ့။ သို့သော်လဲ မြို့ပြကို ကျွန်တော်မကြိုက်ဘူး။
မီးပွိုင့်ထိပ်က ကျွန်တော့်ကားလေးဟာ မီးစိမ်းဖို့ အချိန် တော်တော် ကြာ စောင့်နေရတယ်။ ကျွန်တော် ရောက်နေတဲ့ ပွိုင့်က လင်ဗာလ်မြို့ရဲ့ မီးစိမ်းဖို့ အကြာဆုံး မီးနီဖို့ အမြန်ဆုံး ပွိုင့်လို့ဆိုရမလား။ နာရီဟာ ၆နာရီ၅၅မိနစ် ကို ပြနေခဲ့တယ်။ လမ်း ဘယ်လောက်ကြပ်သလဲဆိုတာ ကျွန်တော်ခုထိ မြို့လယ်ခေါင်မှာဘဲ ရှိနေသေးတယ်။ Coldplay သီချင်းကို ညည်းရင်း မျဥ်းကြားက ဖြတ်သွားတဲ့ လူတွေကို လိုက်ကြည့် နေမိတော့တယ်။
ပွိုင့်စိမ်းဖို့ ၅ စက္ကန့်အလို မှာ ကျွန်တော့် ကားလေးဟာ မီးပွိုင့်ဖြတ်ဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။ ဒါမယ့် မီးစိမ်း ပြတဲ့ အချိန်မှာတော့ ကျွန်တော် မထွက်နိုင်ခဲ့ဘူး။ ဖုန်းကို နားနဲ့ပခုံးကြား ညှပ်ပြောနေပြီး ကျောပိုးအိတ်ကိုပိုက် လက်မှာလဲ Luggage ဟာ ဂလုံဆန်ရင်း အမောတကော ပွိုင့်ကို ဖြတ်ပြေးနေတဲ့ ကောင်လေးကို ကျွန်တော် စောင့်ပေးနေခဲ့မိတယ်။ သူကိုစောင့်ပေးလိုက်တဲ့ အကျိုးက ကျွန်တော် မီးနီထပ်မိပြီး နောက်ကားတွေ ဟွန်းဝိုင်းတီးကြတော့တာဘဲ။ ထိုကောင်လေးကတော့ အဝေးပြေး သွားမယ့် Bus ကားကို မှီသွားခဲ့တယ်။
YOU ARE READING
The Day I Met You
Short Storyproject အတွက် ရေးပေးထားတဲ့ KookMin Fic လေးပါ။ projectမှာ လုပ်အားဒါန ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းလဲ ဝမ်းသာပိတိဖြစ်ရပါတယ်။ အထူးသဖြင့် ကိုယ်ချစ်ရတဲ့ ဒီကောင်လေး နှစ်ယောက်ကို အရင်းတည်ရင်း ပါဝင်ခွင့်ရခဲ့လို့ အတိုင်းမသိပါဘဲ။ အရေးအသားပိုင်းမှာ လိုအပ်တာလေး...