Zawgyi
ညစာစားပြီးနောက် Chan Yeolက Kyung Sooကို လိုက်ပို့ဖြစ်သည်
အိမ်နဲ့လည်း နီးတော့ လက်တွဲကာ အေးအေးဆေးဆေး လမ်းလျှောက်ကာ
ဟိုပြောဒီပြောနဲ့ အိမ်ပြန်ခဲ့ကြသည်
သူတို့နှစ်ယောက်ကြား ပြောစရာစကား
မရှားပါလေ....
ဒီလိုနဲ့ အိမ်နားရောက်ခါနီးတော့
Kyung Sooက လမ်းဆက်မလျှောက်တော့ပဲ ရပ်လိုက်ပြီးနောက် Chan Yeolကို
စကားစပြောလာသည်
"Yeollie..""အွန်း"
"ငါမင်းကို ပြောစရာရှိတယ် "
"ပြောလေ"
"ဟို....ငါ နောက် နှစ်ရက်နေရင် Suho Hyungတို့နဲ့ ဂျပန်ပြန်လိုက်သွားတော့မလို့"
Chan Yeolတစ်ယောက် အံ့သြကာ ခနလောက် စကားမပြောနိုင်...
"ဘာ"
"........"
Sooတစ်ယောက် တိတ်ဆိတ်နေလေသည်"Soo အဲ့လိုနောက်စရာလား"
"Yeol...ငါ ဂျပန်မှာ ကျောင်းတက်ရတာ ပျော်တယ်လေ ပြီးတော့ နောက် တစ်နှစ်ပဲ ကြာမှာပါ"
"......ဘာ"
"Yeollie ငါ ဟင်းချက်ရတာ သဘောကျတာ သိတယ်မလား ပြောဖူးတယ်လေ
ကျောင်းပြီးရင် စားသောက်ဆိုင်ဖွင့်မယ်လို့""............."
"အဲ့မှာ ငါသဘောကျတဲ့ စာဖိုမှူးကြီးက
သင်တန်းတစ်ခုလည်း ဖွင့်မယ်ဆိုတော့
ကျောင်းတက်ရင်း အခွင့်အရေးကို လက်မလွှတ်ခံချင်လို့"Chan Yeolစိတ်ထဲ နာကျင်သွားမိသည်
သူ့တွေးနေမိတာ ခုပြသနာတွေလည်းပြီးပြီလေ
Do Arjushiကိုလည်းပြန်ရှာတွေ့ပြီ နှစ်ဖက်အိမ်လည်းအဆင်ပြေနေပြီ
အရင်လို အတူတူကျောင်းပြန်တက် အတူတူရှိနေလို့ရနေပြီလေ
Kyung Sooရုတ်တရက် ဂျပန်ရောက်သွားတုန်းက သူဘယ်လောက်လွမ်းခဲ့ရလဲ
Kyung Sooကရော သူ့ကို မလွမ်းခဲ့ဖူးလား
သူ့စိတ်ထဲတွင် သူကပဲKyung Sooကို
အမြဲ လိုက်ကပ်နေသလို ခံစားနေရသည်
သူလည်း အချစ်ခံချင်တယ်လေ
Uniတွေ ရွေးတုန်းကလည်း Kyung Sooကို ဦးစားပေးဖြစ်ခဲ့ပါသည် အနားမှာ ရှိရုံနဲ့
ကျေနပ်နိုင်တာမို့ သူ့အတွက်တော့ Kyung Sooကသာ သူ့အတွက် ဦးစားပေးဖြစ်သည်
ထို့အတူ Kyung Sooအတွက်လည်း
သူတစ်ခေါက်လောက်တော့ ဦးစားပေးဖြစ်စေချင်သည်
စကားနဲ့ပဲ ဆိုရင်တောင် ကျေနပ်နိုင်ပါသည် ကျေးဇူးပြုပြီး ငါ့ကို ရွေးချယ်ပေးပါ Plz
Soo
စိတ်ထဲတွေးလိုက်ပြီးနောက်
Chan Yeolစကားစ ပြောလာသည်

ESTÁS LEYENDO
Infinity[Completed](Z+U)
FanficChansoo. Ficလေးပါ Rommanceလေးပေါ့???? Edit ver: ChanDiဆိုလို့ :3