Final

4.3K 172 4
                                    

<Unicode>

' အိုက်ယိုး..ငါ့သူငယ်ချင်းလေးစောင့်နေရတာ ကြာပြီလား..´
' ဟင့်အင်း..´

ယီကျိုး တခွန်းတည်း ပြန်ဖြေမိတယ်။တကယ်တမ်းပြန်ပြောလိုက်ချင်တာ (စောင့်နေတာ ဖင်တောင်ပူနေပြီ)လို့။ဒီတခါ ညစာစားဖို့စောင့်နေရတာက နေ့လည်စာမစားတဲ့ ယီကျိုးအတွက် ဝဋ်ကြွေးတခုပဲမို့ ဒီလင်လင်နှစ်ယောက်ကို စိတ်ထဲမှာ ကြိတ်ဆဲနေတာတော့ လွန်ခဲ့တဲ့ ၁နာရီလောက်ကတည်းကပဲ။

' Toy..ရေအကြာကြီးချိုးနေတာတော့ မဟုတ်ဘူးမလား.. ´

ထမင်းစားခန်းကနေထွက်လာတဲ့ ရှောင်မာမား။

' မချိုးရပါဘူး မာမားရယ်..သားက အကြာကြီးချိုးချင်ရင်တောင် ကိုကိုကချိုးခိုင်းတာ မဟုတ်ဘူး..´

ရှောင်းကျန့်က ပြောရင်း ရိပေါ်ကို မျက်စောင်းတချက်ထိုးတယ်။

' အင်းအင်း..ဒါဆိုလည်း လာတော့လေ ´
'ဟုတ် ´
'........´
' တကယ်တော့လေ ရေချိုးပြီးတာက ကြာပြီ..ကိုကိုက ငါ့ဆံပင်ကို ခြောက်အောင်ပြန်သုတ်ပေးနေတော့..နဲနဲကြာသွားတာ ´

ထမင်းစားခန်းထဲ ဝင်သွားတဲ့ ယီကျိုးနောက်ကနေလိုက်လာရင်း ပြောတဲ့ ရှောင်းကျန့်။

#နဲနဲကြာသွားတာတဲ့။ ယီကျိုးမေ့လဲချင်စိတ်တောင်ပေါက်တယ်။

' Dryer နဲ့ မှုတ်လိုက်ပါလား..´
' ငါ့ဘေဘီ ဆံသားတွေကနုနုလေး..dryerသုံးရင် ပျက်စီးကုန်မှာပေါ့ ´

ပြောရင်း ရှောင်းကျန့်ဆံပင်တွေကို လှမ်းဖွတဲ့ ရိပေါ်ကို ယီကျိုးက မဲ့ရွဲ့ပြတယ်။ပိုကိုပိုလွန်းတဲ့ လူတွေ။

' ကိုကို..ဂဏာန်းချက်လေး..´ ' ကိုကို..ဟိုဘက်က အသားလုံးလေး..´ ' ကိုကို ဟင်းချိုလေး..´

ပြောသမျှခွံ့ကျွေးတဲ့ သူ့အစ်ကိုရိပေါ်ရယ် ခွံ့သမျှစားပြီး နောက်ထပ်စားချင်တာကိုပဲ လက်ညှိုးတထိုးထိုးနဲ့ သူ့ယောက်ဖရှောင်းကျန့်ရယ်ကို ယီကျိုးတော်တော်မျက်စိနှောက်နေပြီ။

' ယီ စားလေ..တော်ပြီလား..´

အေး..မင်းတို့နှစ်ယောက်ကို မျက်စိနှောက်လွန်းလို့ ဆက်မစားချင်တောတာ ဆိုတာကိုတော့ ထုတ်မပြောတော့ဘူး။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Donde viven las historias. Descúbrelo ahora