ZAWGYI
သာယာလှပသော ဂျပန်နိုင်ငံ၊ တိုကျိုမြို့၏ညနေခင်းလေး တစ်ချိန်၌ဖြစ်တည်ခဲ့သော ဇာတ်ကြောင်းလေးတစ်ခုသည် ဤသို့စတင်ခဲ့ပါ၏။
ညအမှောင်ရိပ်လွှမ်းမိုးထားသည့် အချိန်ကာလဖြစ်လင့်ကစား မီးရောင်စုံတို့ထွန်းညှိထားသော မြို့ပြ၏ညဈေးတန်းကြီးသည် လာရောက်လည်ပတ်သူဈေးသွားဈေးလာအမြောက်အမြားဖြင့် စည်ကားသိုက်မြိုက်စွာရှိနေခြင်းကပန်းချီကားတစ်ချပ်သဖွယ် လှပနေပါလျက်။ မိသားစု၊ သူငယ်ချင်း၊ ချစ်သူရည်စားစသဖြင့် အမည်နာမအမျိုးမျိုးအောက်တွင် ပတ်သတ်နေကြသော ဈေး အတွင်းမှလူများသည်လည်း လက်ချင်းယှက်၍ အပြုံးကိုယ်စီ ပန်ဆင်ရင်းသာယာသောအချိန်တစ်ခုအား ဖန်တီးနေကြဟန်။ ထိုလူများအတွင်း၌ နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်ကြသူ ကောင်လေးနှစ်ယောက်လည်း အတူရှိနေခဲ့ပါ၏။ တစ်ဦးကား အပြုံးချိုချိုလေးအားပိုင်ဆိုင်ထားသူဖြစ်ကာ နောက်တစ်ဦးက ချစ်စဖွယ်အပြုံးလေး၏မူပိုင်ရှင်ဖြစ်သည့် ထိုကောင်ငယ်လေး နှစ်ယောက်သည် မည်သူဖြစ်မည်ထင်ပါသနည်း။ ဟုတ်ပါ၏။ သေချာပေါက် Hoseokနှင့် Taehyungရယ်သာ။
"Tokyoရဲ့ night marketက တကယ်လှတာပဲ"
ပထမဆုံးအကြိမ်အနေဖြင့် Japanနိုင်ငံသို့ရောက်ဖူးသော အထက်တန်း ကျောင်းသားငယ်လေး Taehyungသည် သူရောက်ရှိနေသော နေရာပတ်ဝန်းကျင်အား အတော်လေး သဘောကျနေဟန်ပါ။ သူ၏ချစ်ဖွယ်Boxy Smileလေး ပေါ်လာသည့်အထိ ပြုံးရယ်ရင်း အရောင်များလက်နေသော မျက်ဝန်းအစုံဖြင့်ညဈေးတန်းအား မျက်စိတစ်ဆုံး ကြည့်ကာ တစ်ဦးတည်းရေရွတ်နေသည်လေ။
"Taeလေးက သဘောကျလို့လား။ ဒါဆို Hyungတို့ ဒီကိုခဏခဏလာလည်ကြမယ်လေ"
Taehyung မျက်နှာအား အမြဲလိုလို အရိပ်တကြည့်ကြည့် ကြည့်နေတတ်သောHoseokသည်သူ၏ကလေးငယ်လေး ပျော်ရွှင်နေသည်ကိုရိပ်စားမိသည်မို့ နောက်ထပ်တစ်ကြိမ်မက အခေါက်ပေါင်းများစွာ Taehyungလာလိုသည့် အခါတိုင်း သူခေါ်ဆောင်လာပါမည်ဟုမဆိုင်းမတွပင်ကတိပေးမိတော့..
"ဝိုး...အဲဒါတကယ်ကောင်းတဲ့အကြံပဲ"
ကျေနပ်သွားပုံပေါ်သောTaehyungသည်လက်မလေးကို ထောင်ရမ်းပြရင်းပါးနှစ်ဖက်ဖောင်းမို့သွားသည်အထိပြုံးလျက် ဆိုလာသည်ကြောင့် Hoseokတစ်ယောက်သူ့မျက်စိရှေ့မှ ကောင်ငယ်လေးအားအသည်းယားကာအချစ်ပိုရပြန်ပါသည်။ Love at first sightဆိုသည်ကို အယုံအကြည်မရှိသူ Hoseokအား အနုပညာ အသင်းထဲသို့ဝင်နိုင်ရန် Form လာတင်ခဲ့ပါသောအလယ်တန်းကျောင်းသားကောင်ငယ်လေး Taehyungက မြင်မြင်ချင်းအချစ်ဆိုသည် အမှန်တကယ် ရှိကြောင်းသက်သေပြခဲ့သည့်နေမှစတင်ကာHoseokအဖို့ Taehyungသည်အရာရာဖြစ်ခဲ့သည်မို့ ထိုနေ့မှစတင်ခဲ့၍ သူသည် သူ့ကလေးငယ်အတွက် မီးခွက်စောင့် ဂျင်းနီအလား ဖြစ်ပေးခဲ့ပါသည်မှာ ယနေ့ထိ။ နောက် ထာဝရအတွက်လည်း သူသည်မပြောင်းလဲဘဲနှင့်ဂျင်းနီအဖြစ်ရှိနေပေးဦးပါမည်လေ။ ထို့အတွက်ကြောင့် ယခုအခေါက်တွင် မိဘတို့နှင့် အတူတကွ လိုက်ပါလာရသောခရီးစဉ်ဖြစ်ခဲ့ပါသော်လည်း နောက်တစ်ချိန် ရောက်လျှင် သူ့ကလေးငယ်အား သူ ကိုယ်တိုင်ခေါ်ဆောင်၍ ထပ်မံကာ အလည်အပတ်လာဦးမည်ဟု ကတိပြုလျက်...
YOU ARE READING
Fate (Or) Fake? (Completed)
Fanfiction(Both Zawgyi & Unicode) Which started the beginning of this story; fate or fake? If it's because of fate, how will the goddess lead the story? If not? Written By W ❌Not In English❌