ExN 5

10 2 0
                                    

Unicode

မနက် ၆နာရီAlarmကို ပိတ်လိုက်ပြီးတော့ Noelကုန်းရုန်းထလိုက်သည်။
အလုပ်တက်ချိန်က ၈နာရီဆိုသော်လည်း မြေအောက်ရထားပေါ်မှာတင် ၁နာရီနီးပါးလောက်အချိန်ကုန်ရတာမို့ အစောကြီးထရတော့သည်။

မျက်နှာသစ်၊ အဝတ်လဲပြီးနောက် နေ့လည်စာအတွက် မစီစဉ်ရသေးသည်ကို သတိရသွားသည်။
အဖွားကို အစောကြီးမနှိုးချင်သောကြောင့် အလုပ်ရောက်မှ အခြေအနေကြည့်ပြီး ဝယ်စားလိုက်မည်ဟု စီစဉ်လိုက်သည်။

Toast(ပေါင်မုန့်မီးကင်)ကို ကိုက်လိုက်ရင်း နာရီကြည့်တော့ ၇နာရီထိုးရန် ၅မိနစ်အလိုဖြစ်နေပြီမို့ shoeကိုအမြန်စွပ်ကာ ဘူတာသို့လျှောက်လာလိုက်သည်။

ရထားလာရန် ၃မိနစ်လောက်လိုသေးသည်မို့ အနားကသတင်းစာတင်သည့်စင်မှ ဒီနေ့သတင်းစာကို ဖတ်ရင်းစောင့်နေလိုက်သည်။

* လူသတ်မှု၊ ခါးပိုက်နှိုက်မှု၊ racism(လူမျိုးခွဲခြားတဲ့ပြဿနာ)တွေက နေ့တိုင်းလိုလိုပါနေတော့တာပါလား။ အင်း....နေပါဦး!
Life Companyအကြောင်းတောင်ပါတာပဲ။

ဖတ်ကြည့်တော့ Lifeရဲ့ ဒီလအတွင်း အမြင့်ဆုံးရောက်နေတဲ့ net worthကိုဖော်ပြပြီး New Yorkသတင်းတွေရဲ့ထုံးစံအတိုင်း အသေးစိတ်ကို ဝေဖန်ထားသည်။ သို့သော် Lifeဟာ ထူထောင်တာမကြာသေးပေမဲ့ net worthအများဆုံးcompanyတွေထဲက တစ်ခုအဖြစ် စာရင်းဝင်သွားပြီဖြစ်တာကြောင့် တည်ထောင်သူ Mr.Evanရဲ့ စီမန်ခန့်ခွဲမှုတော်သည့်အကြောင်းနှင့် အဆုံးသတ်ထားသည်။

ဖတ်ပြီးတာနဲ့ ရထားလာတာနဲ့ကွက်တိဖြစ်တာကြောင့် ရထားပေါ်တက်ကာ နေရာတစ်နေရာ ရှာထိုင်လိုက်ပြီး သတင်းစာထဲက အကြောင်းကို ဆက်စဉ်းစားနေမိသည်။

* သူဒီကိုရောက်စတုန်းက Lifeဆိုတဲ့နာမည်ကို မကြားဖူးသလိုပဲ။ Lifeကိုစတည်ထောင်တာ ဘယ်နှစ်ကပါလိမ့်။

Googleခေါက်ကြည့်တော့ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ဖြစ်နေသည်။
တစ်နှစ်ခွဲထဲနဲ့ ဒီလောက်အောင်မြင်ဖို့ ဘာတွေ ဘယ်လောက်တောင် ရင်းနှီးခဲ့ရမလဲမတွေးရဲပါ။ သေချာတာကတော့ Evanကို ဖော်ရွေတယ်ဆိုပြီး နှပ်ချလို့ရမှာမဟုတ်။

You've reached the end of published parts.

⏰ Last updated: Apr 29, 2021 ⏰

Add this story to your Library to get notified about new parts!

The N in my BrainWhere stories live. Discover now