11:11 (Unicode)

222 15 18
                                    

Firmament~ (Unicode Version)

Pov of Can

ငါဒီနေ့ရောက်လာမှာအရမ်းကြောက်နေခဲ့တာ
သူထွက်သွားမှာကိုလက်ခံနိုင်ဖို့ အင်အားမရှိသေးဘူး

"Tinnnn ကျေးဇူးပြုပြီး အားတင်းထားပေးပါ ငါမင်းကိုလိုအပ်နေသေးတယ်....."

ငါကန်တလုက မက်ထာနန်ကို လိုအပ်နေသေးတယ်

~~~

"နောက်ငါးနှစ်လောက်ကျရင် ငါတို့ဘယ်မှာရှိနေမယ်ထင်လဲ Tin??.....အခုလိုတွေမဖြစ်လာဘူးဆိုရင် ငါတို့ဘာတွေလုပ်နေကြမလဲဟင်...?" မှောင်မည်းနေတဲ့ကောင်းကင်ကြီးထဲက တဖျတ်ဖျတ်လင်းနေတဲ့ကြယ်လေးတွေကိုငေးရင်း ငါ့ဘေးနားကကောင်လေးကိုမေးလိုက်တယ်။

"အင်း အဲ့လောက်ကျရင် မင်းက Amsterdam မှာရောက်နေလောက်ပြီထင်တယ်နော် ငါကလည်း Japan မှာအလုပ်တွေလုပ်နေမဲ့ Engineer ဖြစ်နေလောက်ပြီပေါ့" ပြုံးပြရင်းနဲ့အားကြိုးမာန်တက်ဖြေရှာတယ်။ငါ့ပုခုံးပေါ်သူ့ခေါင်းကို မှီချလိုက်တယ်။

"ဟွန် အဲ့ဒါကြီးကဝမ်းနည်းစရာကြီး အဲ့လိုသာသွားရမယ်ဆို ငါတို့ကမိုင်တွေအများကြီးခြားနေမှာ
တယောက်နဲ့တယောက်အဝေးကြီးမှာငါတို့ဘယ်လိုလုပ်ကြမလဲ?ငါတို့ကချစ်သူတွေလေ" ပုခုံးပေါ်လျော့တိလျော့ရဲမှီ​နေတဲ့သူ့ကိုကြည့်ဖို့ကြိုးစားလိုက်တယ်။

"Cantaloupe......"
"သုံးနှစ်လောက်ပဲကြာမှာပါကွ။ အဲ့သုံးနှစ်မှာငါတို့အိပ်မက်တွေကိုအကောင်ထည်ဖော်ကြမယ်လေ
အင်း.....ပြီးရင်တော့ ငါမင်းကိုလက်ထပ်ခွင့်တောင်းရမယ် အဲ့ကျမင်းကYESလို့ပဲဖြေမှာငါသိတယ်ဟီး
မင်္ဂလာပွဲကိုကျ ဥယျာဥ်အကျယ်ကြီးထဲမှာလုပ်ကြမယ်နော် ပြီးတော့ရိုးရာအစားအသောက်အစုံကျွေးကြမယ် ငါ့အစားပုပ်လေးကအဲ့ဒါတွေတအားကြိုက်တယ်ဟုတ်" ခြောက်ကပ်ကပ်ရယ်ရင်းပြောပြနေတယ်။
" အ.." ခပ်တိုးတိုးညည်းရင်း သူ့ရင်ဘတ်ကိုဖိကိုင်ထားတယ်။လူနာအကျီအပြာနုလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း သူ့​​နှုတ်ခမ်းတွေကိုဖိကိုက်ထားပြီးတော့ပေါ့~

Tin ရယ်....
ခြုံစောင်အဖြူလေးကိုသူ့ကိုယ်​ပေါ်မှာပိုလုံအောင်လုပ်ပေးလိုက်တယ်။ဒါမှနွေးနေမှာ။ငါတို့ထိုင်နေတဲ့ဆေးရုံခေါင်မိုးမှာ လေတအားတိုက်နေတယ်လေ။

-Firmament- Where stories live. Discover now