နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်း
Im Nayeon အမျိုးသားမှတ်ပုံတင်အမှတ်
(........)နှင့် Kim Dahyun အမျိုးသားမှတ်ပုံ
တင်အမှတ် (.........) တို့သည် သဘောထားချင်း မတိုက်ဆိုင်ပါသဖြင့် (.........) နေ့မှစ၍ နှစ်
ဦးသဘောတူ ကွာရှင်းပြတ်စဲပီး ဖြစ်ပါကြောင်း ။Im Nayeon ၊Kim Dahuyn
_________________________သတင်းစာကို စားပွဲပေါ်ပြစ်တင်လိုက်
ရင်း ပြတင်းပေါက်ကနေဖြတ်လာတဲ့ လေအေးတစ်ချက်ကို အဝရှူ ရှိုက်လိုက်သည် ။ သြော်....
နှစ်ဦးသဘောတူဆိုပါလား မ ရယ် ၊ မ မချစ်ချင်
တော့လို့ အပြစ်ခံခဲ့ရတာပါ ။ Dahyun ဘက်ကစပြီး မ ကိုကွာရှင်းဖို့မပြောနဲ့ ''မ ကိုမချစ်တော့ဘူး '' ဆိုတဲ့စကားကို စနောက်ရင်းနဲ့တောင်မပြောခဲ့ပါဘူး ။ ''မိန်းကလေးချင်းဘဲ အချိန်တန်ရင်နင့်ကိုပစ်သွားမှာ '' ဆိုတဲ့ပတ်ဝန်းကျင်စကား
တွေကို မကြားချင်ယောင်ဆောင်ပြီး မ နောက်
ကို လိုက်ခဲ့တဲ့သူပါ မရယ် ။ အခုတော့လည်း
သူစိမ်းတွေဟာ အချိန်တန်တော့ သူစိမ်းတွေပြန်
ဖြစ်သွားကြတာပါပဲလေ ။
မျက်လွှာကိုဖြည်းဖြည်းချင်းချလိုက်
တော့ မျက်ရည်တို့က ပါးပေါ်ကနေတစ်ဆင့်
ကြမ်းပြင်ပေါ်သို့ တစ်စက်ချင်း ကျကုန်လေရဲ့။
သိပ် နှိပ်စက်လွန်းနိုင်တာပါလား မရယ်.....။_____________________
" သမီးတို့ကိစ္စတွေ ရှင်းရှင်းလင်းလင်းဖြစ်ပြီဆိုတာသေချာလား '' ဧည့်ခန်းရဲ့ခေါင်းရင်းထိုင်ခုံမှာထိုင်နေတဲ့ မေမေ့ဆီကနေ ကြည်လင်
ပြတ်သားတဲ့ အသံထွက်ပေါ်လာ၏ ။
"စာချူ ပ်စာတမ်းအရတော့ အကုန်ရှင်း
ပြီးသားပါ မေမေ''
"သမီးစိတ်ထဲကကော အဲ့မိန်းမကို
တကယ်ဘဲ ပြတ်နိုင်ပြီလား သမီး''
မေမေအမေးကို Dahyun မဖြေတက်ပါ
မ ဟာ Dahyunရဲ့အချစ်ဦးလည်းဟုတ်သလို
Dahyun ရဲ့အရာအားလုံးကို ယုံကြည်စွာပုံ
အောမိတဲ့ ပထမဆုံးမိန်းမတစ်ယောက်လည်း
ဖြစ်နေလို့ပါပဲ ။"သမီး အခုထိမပြတ်မသားတွေဖြစ်နေတုန်းလား?? အဲ့ မိန်းမကအခုသမီးလိုပဲ ရုပ်လည်း
ရှိ ပိုက်ဆံလည်းချမ်းသာတဲ့ နောက်ကောင်မလေး တစ်ယာက်နဲ့တွဲနေပြီ အစတည်းက မေမေ
ပြောခဲ့သားပဲ သဘာဝဟာ သဘာဝလိုပဲကောင်းတယ် အခုရော သမီးမေမေစကားကိုနားမထောင်ပဲ ဒီမိန်းမကိုယူလိုက်တော့ ဘာတွေဖြစ်
လာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဆိုတဲ့နာမည်
ဆိုးကြီးပဲ ရလာတယ်မလား.....''
YOU ARE READING
ခြွေ 🍂(ခွှေ)
Fanfictionချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မပြောခဲ့ရုံလေးပါပဲ..... ပါးစပ်ဖွင့်မပြောပဲ သူသိအောင်လည်းကြိုးစားခဲ့ဖူးတာအကြိမ်ကြိမ်ပါ..... အကြင်သူက မရိပ်မိခဲ့တာထင်ပါတယ်လေ.... 🌫 Unicode ချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မ...