《 5 》

4.7K 418 12
                                    

[Unicode]
အိစက်ညက်ညောနေသောနှစ်ယောက်အိပ်ကုတင်ကြီးမှထကာပတ်ဝန်းကျင်တစ်ဝိုက်ကိုထယ်ယောင်းတစ်ယောက်လှည့်ပတ်ကြည့်ရှုမိသည်။လိုက်ကာများ​ချထားသဖြင့်အခန်းတစ်ခုလုံးမှာအမှောင်ကျနေသည်။အလင်းရောင်ရစေရန်အတွက်လိုက်ကာအနီးသို့သွားကာဆွဲဖွင့်လိုက်သည်။အခန်းနံရံများမှာမှန်များဖြင့်ကာရံထားသဖြင့်နေ၏အလင်းမှာ'စူး'ခနဲဝင်ရောက်လာသည်။

"ဝါး!...ဒါကလူနေအိမ်တဲ့လား..."

လိုက်ကာအားဆွဲဖွင့်လိုက်သည်နှင့်ထယ်ယောင်းမှာတအံတသြဖြစ်ကာငေးကြည့်နေမိသည်။ခြံ၏အဆုံးကိုပင်မှုန်ပြပြသာမြင်ရသောဤအိမ်ကြီးမှာမည်မျှကျယ်ဝန်းပါသနည်း။တစ်ခြံလုံးတွင့်ပြည့်နှက်နေသောသစ်ပင်ပန်းမန်များမှာလည်းစိမ်းစိုနေကာတောအုပ်လေးသဖွယ်အသွင်ဆောင်နေသည်။အိမ်၏ဘယ်ဘက်ခြမ်းတွင်လည်းပြန့်ပြူးနေသောမြက်ခင်းပြင်ကြီးရှိရာထိုမြက်ခင်းပြင်ကြီးမှာဂေါက်ကွင်းတစ်ခုဖြစ်ဟန်တူသည်။သေချာပါသည်။ဤအိမ်ကြီးမှာ'ဂျွန်း'စံအိမ်ကြီးပင်ဖြစ်ရမည်။

ထိုမြက်ခင်းပြင်၏တစ်နေရာသို့ကြည့်မိသည့်အခိုက်တွင်တစ်ယောက်တည်းကစားနေသောဂျောင်းမင်အားတွေ့လိုက်ရသည်။ဂိုးတိုင်အဖြစ်အမှတ်အသားပြုထားသည့်အလံဖြူလေးများစိုက်ထားရာနေရာတွင်တစ်ယောက်တည်းပြေးလွှားကာဆော့ကစားနေ၏။ပြေးနေရင်းရုတ်တရက်ရပ်သွားသောဂျောင်းမင်မှာတစ်ခုခုကိုအလိုမကျသည့်ပုံပင်။မြက်ခင်းပြင်ပေါ်တွင်ထိုင်ချလိုက်ကာနှုတ်ခမ်းပိစိလေးမှပွစိပွစိရေရွတ်နေတော့သည်။

ကြည့်နေရင်းနှင့်ပင်ချစ်ဖို့ကောင်းလွန်းသည့်ဂျောင်းမင်ကြောင့်ထယ်ယောင်းဟက်ဟက်ပတ်ပတ်ရယ်လိုက်မိပါသည်။မ​နေ့ကကုမ္မဏီတွင်ဆော့ကစားစဉ်တုန်းကနှင့်မတူပဲမှိုင်တွေတွေဖြစ်နေသောဂျောင်းမင်မှာတစ်ယောက်တည်းမို့အထီးကျန်နေသည်လားမသိ။ထယ်ယောင်းနှင့်ဆော့ကစားစဉ်ကမျောက်အရှုံးပေးအောင်ဆော့ခဲ့သည့်ဂျောင်းမင်မှာယခုတွင်တော့သူမဟုတ်တော့သလို။

ကြည့်နေရင်းမှသတိတရဖြစ်ကာကိုယ့်ကိုယ်ကိုငုံ့ကြည့်မိသည့်တစ်ခဏတွင်မှင်နီများစွန်းနေဆဲဖြစ်သောရှပ်အင်္ကျီကြောင့်သက်ပြင်းချမိသည်။သူဌေးဖြစ်သူများ'အင်္ကျီလဲပေးထားမလား'ဟူသည့်အထင်နှင့်ငုံ့ကြည့်မိခြင်းဖြစ်သည်။အဆိုပါအင်္ကျီမှာလည်းဂျောင်းမင်၏လက်ချက်ပေမို့လွင့်မပစ်ပဲသိမ်းထားရန်ဆုံးဖြတ်လိုက်သည်။အချိန်တစ်ခုတွင်ဤအရာများသည်နှစ်ခေါက်ပြန်မရနိုင်သောလွမ်းဆွေးတမ်းတဖွယ်အမှတ်တရများဖြစ်နေနိုင်သည်မဟုတ်ပါလား။

ADORABLE hyung [Completed]Tempat cerita menjadi hidup. Temukan sekarang