သူရဲ့ နာမည်ရဲ့ အစစကားလုံးက
English Alphabet A............ ...... .....
ညနေခင်းကျောင်းဆင်းခါနီး အချိန်။
မိုးရာသီဖြစ်ပေမယ့် ထူးဆန်းစွာ
ညနေခင်းက နေရောင်ခြည် ဖျော့တော့စွာနဲ့ အလင်းရောင်ပေးနေလေရဲ့။ကျောင်းဝန်းထဲကအပင်တစ်ချို့ကိုလည်း
ဝင်လုဆဲဆဲ နေရောင်ခြည် အလင်းတန်းတွေ
ဖြာကျနေတာ နေဝင်ချိန်ရဲ့လှပတဲ့ပန်းချီကားတစ်ချပ် လိုမျိုး လှပလွန်းတယ်။ကျောင်းခန်းတွေထဲက
ကျောင်းသားတွေအားလုံးကတော့
စာသင်ချိန်တွေပြီးဆုံးလို့
စာရေးကိရိယာတွေကို သိမ်းဆည်းပြီးတော့
အိမ်ပြန်အနားယူကြဖို့အသင့်...။ကျောင်းခန်းထဲကနာရီ လက်တံလေးတွေ
ညွှန်ပြနေတဲ့ အချိန်က4:30....။ကျောင်းဆင်းဖို့ 15 minute လောက်လိုသေးတာကြောင့်..
ထုံးစံမပျက်စကားသံတွေကတော့
ဆူညံနေစမြဲ..။အဲ့ဒီဆူညံတဲ့စကားသံတွေထဲမှာ ကျွန်တော်နဲ့သူရဲ့စကားသံတွေလည်း ပါဝင်ခဲ့တယ်။
သူနဲ့ကျွန်တော်နဲ့က ငယ်ငယ်တည်းက သိကြတယ် ခင်ကြတယ် အထက်တန်းကျောင်းကိုပြောင်းလာတဲ့အခါ တစ်ယောက်နဲ့
တစ်ယောက်က ဝေးလာသလိုခံစားရတယ်။အမြဲတမ်းတော့နှစ်ယောက်တည်း
စကားမပြောဖြစ်ပေမယ့် တစ်ခါတစ်ရံ မှာ နှစ်ယောက်တည်းပြောဖြစ်ကြတယ်။ရှားရှားပါးပါး တစ်လခွဲလောက်ကြာတော့မှ
ဒီနေ့ညနေ နှစ်ယောက်စကားပြောဖြစ်ကြတယ်။"(....)နဲ့တွဲနေတာဆိုတာ အမှန်လား"
အသိချင်ဆုံးမေးခွန်းကို မေးမိတယ်။
မဆိုင်ပေမယ့်ပေါ့"အင်း.....ဟုတ်တယ်".
သူ့ရဲ့ အဖြေကြောင့် ခဏတာ ပြောစရာစကားမဲ့သွားခဲ့တယ် ။
"အခုရော..ပြတ်သွားပြီဆို ဟုတ်လား။."
"ဟုတ်တယ်.....အရင်နှစ်ရက်သုံးရက်က
ပြတ်သွားပြီ...."သူ့ရဲ့အဖြေစကားကို ဝမ်းသာပေမယ့်လည်း
ဝမ်းနည်းတယ်။ကောင်မလေးနဲ့ပြတ်သွားလို့ ဝမ်းသာပေမယ့်
သူ့က ကျွန်တော့်ကို ကြိုက်လာမှာမဟုတ်မှန်းသိနေတယ်လေ။
ကောင်လေးတစ်ယောက် ကကောင်လေးတစ်ယောက်ကို ကျိတ်ချစ်ရတာ သာမန်ထက်ပိုခက်ခဲတယ်။ပြီးတော့လည်း
နီးစပ်ဖို့လည်းမဖြစ်နိုင်တဲ့
မျဉ်းတစ်ကြောင်းပေါ်က အမှတ်နှစ်ခုလိုပါပဲ။အဲ့ဒီညနေက နှစ်ယောက်သားပြောဖြစ်ခဲ့စကားတွေကတော့ဝါကျ ၁၀ ကြောင်းတောင်
မပြည့်ခဲ့ပါဘူး။
ကျွန်တော်လည်း စကားထပ်မဆက်တော့ဘူးလေ။
ခဏကြာတော့ ကျောင်းဆင်းသွားပါပြီ။ကျွန်တော့်ရဲ့အတွေးထဲမှာတော့
အကယ်၍သာ ဆုတောင်းတစ်ခု
တောင်းရမယ်ဆိုရင်
သူပြန်ချစ်လာတာကိုတော့ လိုချင်တယ်။စိတ်ကူးယဉ်အိပ်မက်လေးတစ်ခုလိုပေါ့
မဖြစ်နိုင်တဲ့ အရာကို မှ မျှော်လင့်မိတာပေါ့မျှော်လင့်ချက်နဲ့ သံယောဇဉ်တစ်စွန်းတစ်စကိုအမှီပြုပြီး နောက်နေ့တွေ တိုင်းမှာ သူ့ကို ဆက်လက်မျှော်လင့်နေဦးမှာ.... ။
°°° °°° ♥°°° °°° ♥°°° °°° ♥°°° °°°
JulyMoeSat 😔
YOU ARE READING
He (Or)Crush
Teen Fictionကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွပ်ခြင်းက ရုန်းမထွက်နိုင်သူပေါ့။