Unicode
ဒေါင်းသက်မာန် ဆေးရုံဆင်းပေပြီ။ လူကလည်း ထူထူထောင်ထောင်ဖြစ်လာပြီ။
အခြေအနေများက ရက်ပိုင်း အတွင်း အဆင့်ဆင့် ခုန်ကျော်တက်သွားသည်။
ပြည်သူ့ဘက်မှ ပြည်သူ့ ကာကွယ်ရေးသမားများ ထွက်ပေါ်လာသည်။
Defense Role နေရာယူသူများ၊ မျက်ရည်ယိုဗုံး ပြန်ပစ်သူများ၊ ကျလာသော မျက်ရည်ယိုဗုံးများကို ရေစိုစောင်ဖြင့် အုပ်ကြသူများ၊ ဆန္ဒပြသူများဖြင့် အဆင့်ဆင့် ဖြစ်လာကြသည်။
နေ့ရက်က မတ်လ ၁၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်။
နေရာကား မန္တလေး မြတောင် သပိတ်။
မြတောင် သပိတ်သည် မန္တလေးမြို့၏ အကြီးဆုံး သပိတ် စစ်ကြောင်း ဆိုလျှင်လည်း မမှား။
ရဟန်း သံဃာများ ပါသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပါသည်။ မီးရထား ဝန်ထမ်းများ ပါသည်။
အင်အားထောင်ချီ ပါဝင်သော သပိတ် စစ်ကြောင်းကြီး။
နေ့တိုင်းနီးပါး အကြမ်းဖက် ဖြိုခွံခံရသော်လည်း အင်အား ထောင်ချီပါဝင်သော မန္တလေး မြတောင် သပိတ်စစ်ကြောင်းသည် နေ့တိုင်း ထွက်မြဲ။
အကြမ်းဖက် ဖြိုခွဲမှုများကြောင့် သပိတ် စစ်ကြောင်းထဲမှ လူအချို့ အသက်ပေးခဲ့ရသည်။ အချို့ အဖမ်းခံရသည်။ အချို့က အလောင်းပင် ပြန်ရှာမရတော့။
သို့ပါသော်လည်း နေ့တိုင်း ထွက်ဆဲ။
အဘက်ဘက်က ဖိနှိပ်မှုများစွာ ကြားထဲမှ နေ့တိုင်း ထွက်နေသည့် သပိတ် စစ်ကြောင်း။
ရှေ့တန်းတွင် ဒိုင်းကာသမားများက နေရာယူထားသည်။ နောက်တွင်တော့ မျက်ရည်ယိုဗုံး ငြိမ်းမည့် သူများ။ နောက်ဆုံးတွင်တော့ ဆန္ဒပြသူများ။
သပိတ် စစ်ကြောင်းမှ အသံက ဟိန်းထွက်နေသည်။ ထွေထွေထူးထူး တိုင်ပေးနေစရာပင် မလို။ အကုန်လုံး၏ အသွေးအသားထဲမှ အလွတ်ရသော သီချင်း။
"အရေးကြီးပြီ...ညီနောင် အပေါင်းတို့...သွေးစည်းကာ...ညီစေ... ညီကြစို့...ငါတို့ရဲ့ သမိုင်း တစ်ခေတ်ကို...ငါတို့သွေးနဲ့ ရေးခဲ့ပြီ...သွေးသစ္စာလည်း ပြုခဲ့သည်...."
YOU ARE READING