ဖေဖေနဲ့အကိုနှစ်ယောက်ကဟင်းချက်သင်လို့ပြောတာမလို့ ဒီနေ့ကစ ဂျွန်ဂျောင်ကုရဲ့အိမ်ကိုသွားရမှာပင်။ဒါပေမယ့် ဂျွန်လုပ်ရမှာက အဲ့လူကြီးဂျွန့်ကိုစိတ်နာအောင်လုပ်ပြီး လက်ထပ်ဖို့ကိုဖျက်ပစ်ဖို့ပင်။ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ အဲ့လူကြီးကအလုပ်မှာပဲရှိမှာလေ သူ့အိမ်မှာရှိမှာမှမဟုတ်တာ~
"ဂျွန် မပြီးသေးဘူးလား လာခဲ့တော့"
ဂျွန်စဉ်းစားနေရင်း ကိုကြီးရဲ့ခေါ်သံကြောင့်သတိပြန်ဝင်သွားသည်။
"လာပြီ ကိုကြီးရေ!!"
အခန်းထဲကနေထွက်လာကာ အောက်ထပ်သို့ပြေးဆင်းလာမိသည်။
"နင့်ကြောင့်ငါ အလုပ်နောက်ကျတော့မယ်မြန်မြန်လာ"
"လာပါပြီဆို"
ထို့နောက် ကိုကြီးYoonGiနဲ့ဂျွန်တို့နှစ်ယောက် ဂျောင်ကုအိမ်သို့ထွက်ခွာသွားကြတော့သည်။ဟိုရောက်တော့ ဘဲလ်တီးကာ နှစ်ယောက်သား အိမ်ထဲသို့ဝင်လာခဲ့ကြတာပေါ့။
"ကဲ ဂျွန်ရေ တီလေးအပေါ်မဆိုးနဲ့နော်"
"ညီမလေးသိပါတယ် ကိုကြီးကလည်း"
ရောက်တာနဲ့ ကိုကြီးက မှာစရာရှိတာမှာနေတာ။
"တီလေးရေ သူဆိုးရင်ကျွန်တော့်ကိုပြောနော်"
"ဟုတ်ပါပြီသားရဲ့ သမီးလေးကမဆိုးပါဘူး"
"ဒါဆို ညီမလေးကိုညနေအလုပ်ပြန်မှလာကြိုမယ်နော် သားသွားတော့မယ်ဗျ"
"ရပါတယ်သားရယ် ဂျောင်ကုကိုလိုက်ပို့ခိုင်းလို့ရတာကို သားဖြေးဖြေးနော်"
"nae"
ကိုကြီးထွက်သွားတော့ ဂျွန်ဂျောင်ကုဆိုတဲ့လူကြီးရဲ့မေမေနဲ့ဂျွန်တို့ထမင်းစားခန်းထဲ ဝင်လာခဲ့ကြသည်။
"လာ သမီး"
"ဟုတ် တီလေး"
"တီလေးလို့မခေါ်ပါနဲ့ ommaလို့ခေါ်ပါလား တီလေးက သမီးလေးတစ်ယောက်လောက်လိုချင်တာ နောက်လည်းတီလေးရဲ့သားနဲ့လက်ထပ်ပြီး တီလေးချွေးမဖြစ်တော့မှာမဟုတ်လား"
"အဲ....ဟို"
ဂျောင်ကုရဲ့ မေမေပြောစကားကြောင့် နေရခက်သွားတာတော့အမှန်။တစ်ခုခုပြောရင် လက်ထပ်တာက မပါမဖြစ်ပဲလားနော်။
DU LIEST GERADE
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanfictionJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။