(Unicode)
" အ..
မ...
သဝေထိုး..မရေ မ"အသံလာရာကိုကြည့်လိုက်တော့..
ကလေးလေးတစ်ယောက် မြေကြီးပေါ်မှာ တုတ်တချောင်းနဲ့စာတွေကြိုးစားပမ်းစားရေးနေတာ..
လက်သေးသေးလေးတွေက တုတ်ချောင်းကို ဆုပ်ကိုင်ထားပြီး..နှုတ်ခမ်းချွန်ချွန်လေးတွေနဲ့..
ပါးမို့မို့လေးတွေက ငုံ့ထားတာတောင် ဖောင်းနေသလို မြင်နေရတယ်..
အပြာရောင် pikachuဝမ်းဆက်လေးနဲ့ ဖြူဥနေတဲ့ ကလေးလေး တစ်ယောက်က ဒီမှာ နေတယ်ဆိုတာ..ယုံဖွယ်ရာတော့မရှိ..
"ချွတ်!"
တုတ်ကျိုးသွားသည်ထင်..
"ဟာ..တုတ်ကလည်းကွာ..ဘာလို့ကျိုးတာတုန်း..ခ'လေး စာရေးနေတဲ့ ဟာကို"
မြေကြီးပေါ်ဖင်ထိုင်ချပြီး တုတ်ကို ကြည့်ပြီး သက်ရှိလို ဆူနေသည်..
"ချစ်စရာလေး"
ထိုကလေးလေးကို ကြည့်ရင်း အာကာ့ပါးစပ်က လွှတ်ခနဲထွက်သွားတော့ သူ့အသံကြားသွားသည်ထင် ကလေးငယ်က သူ့ကို မော့ကြည့်လာသည် ..
အနားသွားလိုက်ပြီး..
"ကလေးလေး..ဘာတွေရေးနေတာလဲ"
"မေမေ့ကို ရေးနေတာ.."
ငိုမဲ့မဲ့ ကောင်ငယ်လေးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ပြီး ပြောလာခဲ့တယ်..
အဲ့ဒီမျက်လုံးလေးတွေက သူ့တစ်သက်လုံး မြတ်နိုးရာလေးဖြစ်သွားခဲ့မယ်ဆိုရင် ..
(Zawgi)
" အ..
မ...
"ချွတ်!"
တုတ်ကျိုးသွားသည်ထင်..
"ချစ်စရာလေး"
အနားသွားလိုက်ပြီး..
"မေမေ့ကို ရေးနေတာ.."
YOU ARE READING
Dear Sweetheart♡
Romance"𝑳𝒐𝒗𝒆 𝒊𝒔 𝒘𝒉𝒆𝒏 𝒕𝒉𝒆 𝒐𝒕𝒉𝒆𝒓 𝒑𝒆𝒓𝒔𝒐𝒏'𝒔 𝒉𝒂𝒑𝒑𝒊𝒏𝒆𝒔𝒔 𝒊𝒔 𝒎𝒐𝒓𝒆 𝒊𝒎𝒑𝒐𝒓𝒕𝒂𝒏𝒕 𝒕𝒉𝒂𝒏 𝒚𝒐𝒖𝒓 𝒐𝒘𝒏." ...