Uni
ရှောင်မင်နှင့်ရှောင်အာ ရှန့်ဟွာနန်းဆောင်ဆီ ရောက်သောအခါ ရှန့်ဟွာက ပန်းထိုးနေသည်
အော့လီကတော့ ရှန့်ဟွာဘေးတွင်ထိုင်ကာ စားပွဲပေါ်မှောက်ပြီး အိပ်ပျော်နေပြီဖြစ်သည်
ရှန့်ဟွာက ရှောင်မင်နှင့်ရှောင်အာ ရောက်လာတာကို သတိမထားမိပဲ အနီရောင်ပိုးစပေါ်တွင် ဂရုတစိုက် ပန်းထိုးနေသည်
"အိမ်ရှေ့စံမင်းသား ရောက်လာပါတယ်"
နောက်မှ ချန်ကျူက ရှန့်ဟွာကို အသိပေးသလိုနှင့် ပြောလိုက်သည်
"ဟင် အရှင့်သား ဘယ်တုန်းက ရောက်နေတာလဲ"
ထိုအခါမှ ရှန့်ဟွာက အမြန်ထလာကာ ဂါရဝပြုလိုက်သည်
"အခုလေးတင်ပဲလေ ရှန့်ဟွာ ပန်းထိုးနေတာလား"
ရှန့်ဟွာ စားပွဲပေါ်ကို ကြည့်လိုက်တော့ အော့လီက မိုးပြိုတောင် နိုးမည့်ပုံမမြင်
"အော့လီ အော့လီ ထတော့လေ အရှင့်သား ရောက်နေတယ်"
"ဟင် မမလေး ဘာလိုချင်လို့လဲ"
ချန်ကျူ အော့လီကိုကြည့်ကာ လည်ပင်းတွေပါ ယားလာသည်
ဒီကောင်မလေး ဒီလိုပုံစံမျိုးနှင့် နန်းတော်မှာ ဆက်နေမည်ကို တွေးတောင်မတွေးရဲ
"အရှင့်သားတို့ ရောက်နေတယ်လေ"
"ဟမ် အရှင့်သားကို ဂါရဝပြုပါတယ်"
အော့လီလှည့်ပြီး ဦးညွတ်လိုက်တာက ချန်ကျူဆီသို့
ချန်ကျူ ကို့နှဖူးကိုရိုက်ကာ ခေါင်းယမ်းမိသည်
"ရှန့်ဟွာ နေကောင်းလား"
ရှောင်အာက ရှောင်မင်နောက်ကနေ ထွက်လာကာ ရှန့်ဟွာကို နှုတ်ဆက်လိုက်သည်
"ဟင် ရှောင်အာရော ပါလာတယ်"
ရှန့်ဟွာ အမြန်ထကာ ရှောင်အာလက်ကိုဆွဲပြီး ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်
"ရှောင်အာ ပါးက ဘာဖြစ်တာလဲ"
ရှန့်ဟွာ နီရဲနေသော ရှောင်အာပါးကိုကြည့်ကာ စိုးရိမ်သွားသည်
ВЫ ЧИТАЕТЕ
ခ်စ္လွစြာေသာ ဧကရီ~ချစ်လှစွာသော ဧကရီ(Completed)
Исторические романыUni တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော် Zawgyi တရုတ်နန်းတွင်းပုံစံလေး ရေးထားတာပါ own creationပါ translation လုံးဝမဟုတ်ပါဘူးနော်