It's Valentine's, Will You Rent Me?

2.8K 425 65
                                    

//Unicode//

[အိပ်မပျော်တဲ့ရောဂါရှိတဲ့နတ်ဘုရား]:
မနက်ဖြန်ကဗယ်လင်တိုင်းဒေးပဲ! အတွဲတွေ
အကုန်လုံး အစ်ကိုကြီးနဲ့ညီမလေးတွေ
ဖြစ်သွားကြပါစေ!

[အချစ်ကထိရှလွယ်လွန်းတယ်]: ဒါပေမယ့်
မမနဲ့မောင်လေး ဗန်းစကားကမှtrend
ဖြစ်နေတာထင်တယ်နော်

[ကိုယ်ပျောက်လေးမော့]: အာ? မမနဲ့မောင်လေး
ဗန်းစကားက trendဖြစ်နေတာလား?
ဒါဆိုလည်း သူတို့တွေတကယ်ပဲ
အစ်မကြီးနဲ့ မောင်ငယ်လေးတွေဖြစ်သွားပါစေ
ဆုတောင်းတယ် ~

[အိပ်မပျော်တဲ့ရောဂါရှိတဲ့နတ်ဘုရား]:
ငါတစ်ယောက်တည်းပဲ ကရုဏာစိတ်မရှိဘူး
ထင်နေတာ လက်စသတ်တော့မင်းတို့က
ပိုတောင်ဆိုးနေတာကိုး!

[နာကျင်တဲ့ထိဖလစ်မယ်]:
ဒါနဲ့ မနက်ဖြန်ကငါတို့ဆေးနတ်ဘုရားရဲ့မွေးနေ့နော်!
ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲဗယ်လင်တိုင်းဒေး
လည်းဖြစ်နေတယ်!

[အချစ်ကထိရှလွယ်လွန်းတယ်] : အိုး မိုင် ဂေါ့ဒ်!
ဆေးနတ်ဘုရား!!! ငါသူ့ကိုအချစ်ဆုံးပဲသိလား
ငါကသူ့ရဲ့ဦးနှောက်မရှိတဲ့ဖန်ပဲ!

[ကိုယ်ပျောက်လေးမော့] : ဒီခေတ်ကြီးမှာ
သူ့ရဲ့ဦးနှောက်မရှိတဲ့ဖန် ဘယ်မှာများမရှိလို့လဲ?

[ကုန်အတု] : ငါတို့အပိုင်းကတစ်ယောက်က
မနက်ဖြန်ကျရင်သူ့အတွက်
ဇာတ်လမ်းတစ်ပုဒ် ဖတ်ပြမလို့တဲ့၊
မင်းတို့ကောင်တွေမနက်ဖြန်ကျ
ဆင်းနားထောင်ကြမှာလား?

[အချစ်ကထိရှလွယ်လွန်းတယ်] : ဇာတ်လမ်းရှည်
လား? ဆေးနတ်ဘုရားက စာရေးသူတစ်ယောက်
လေ ဟုတ်တယ်ဟုတ်၊ သူကရေဒီယိုဒရမ်မာတွေနဲ့
လိုက်မှာမဟုတ်ဘူး

[အိပ်မပျော်တဲ့ရောဂါရှိတဲ့နတ်ဘုရား] :
သူက အရမ်းနာမည်ကြီးတာကိုး၊ ဆေးနတ်ဘုရား
သာသွားမယ်ဆို ငါလည်းသေချာပေါက်သွားမှာ!

[ကုန်အတု] : ဆေးနတ်ဘုရားရဲ့ဝတ္ထုကို
ဖတ်ဖို့ ပြီးခဲ့တဲ့သုံးရက်လုံးမအိပ်ခဲ့ဘူး၊
ငါ့ကိုယ်ပိုင်ဝတ္ထုကို အသစ်မတင်တာသုံးရက်နဲ့
သုံးညတောင်ရှိနေပြီဟ!

[အယ်ဒီတာ XO] : အိုး အဲ့တာတော်တော်များ
ဂုဏ်ယူဖို့ကောင်းနေသလား?

🎉 You've finished reading (C)ဒီနေ့ကဗယ်လင်တိုင်းဒေးပဲ, မင်းကိုယ့်ကိုငှားမှာလား? 🎉
(C)ဒီနေ့ကဗယ်လင်တိုင်းဒေးပဲ, မင်းကိုယ့်ကိုငှားမှာလား?Where stories live. Discover now