Part-12

1.5K 59 23
                                    

ခုဆိုjennie တို့ က ကျောင်းပြန်ဖွင့်ပီ
ကျောင်းကိုတော့chae နဲ့ lisa က တလှည့်ဆီပို့ပေးကြသည်
lisa ပို့ပေးရတာများတယ်လို့ပြောရမယ်
ဘာလို့ဆို chae က စောသွားရတာတွေရှိသလို နောက်ကျမှသွားရတာတွေလည်းရှိသည်

lisa ကတော့နောက်အပတ်လောက်ဆို အလုပ်ရှုပ်ပြီ
သူ့daddy က ကျန်းမာရေးသိပ်မကောင်းတော့
ထိုင်းကဆေးရုံခွဲအတွက် ကလုပ်ရဦးမှာ
အဲ့ဒါက chae နဲ့ lisa ထဲက တယောက်ကတော့
ထိုင်းကိုသွားကိုသွားရမှာ

lisa က အလည် သူ့ကလေး နဲ့မခွဲချင်တော့
chaeyoung ကို ထိုင်းဆေးရုံကိုသွားဖို့ပြောသည်
chae က တော့ ရောက်တဲ့နေရာပျော်တတ်သူမို့
ထိုင်းကို သူသွားဖို့သဘောတူသည်

---------------------------

"unnie ကိုတော့ သတိရနေတော့မှာဘဲ"

jennie က အဝတ်စားတွေ ထည့်နေတဲ့ chae ဘေးမှာထိုင်ပြီး ခပ်ချွဲချွဲပြောနေသည်

lisa ကတော့ သူတို့ကိုကြည့်လိုက် tv ကြည့်လိုက်နဲ့
sofa မှာ မှီလှဲနေသည်

"အံမယ် unnie ရောပါဘဲ ဒီကအချွဲလေးကိုလွမ်းနေတော့မှာ"

lisa က နှခေါင်းတချက်ရှုံ့ပြီးtv သာဆက်ကြည့်နေသည် တကယ်တော့ tv ကြည့်တယ်သာပြောတာ နားကတော့ သူတို့ဘာတွေပြောနေကြသေးလဲဆိုတာစွင့်နေတုန်း

"unnie ထိုင်းကို အရင်ကသွားဖူးလား"

"အင်း ကျောင်းတောင်တက်ခဲ့သေးတယ်"

"ဟုတ်လား"

jennie က အံ့သြတကြီးမေးသည်

"အင်းလေး lisa နဲ့တူတူတက်ခဲ့တာ"

"ဟယ် jen ဒါတွေမသိဘူးတော့"

ဘာလို့အဲ့လောက်တောင်ချစ်စရာကောင်းနေမှန်းမသိဘူး

"အင်း lisa ကအဲ့မှာကောင်းလေးတွေရော ကောင်မလေးတွေရောကြားမှာpopular အဖြစ်ဆုံးဘဲ အများအားဖြင့်တော့ သူ့မျက်လုံးတွေကိုကြိုက်ကြတာလေ"

"ဘာလို့လဲ"

"ဟော သူ့မျက်လုံးတွေကလှတယ် တော်တန့်ရုံလူဆိုသူ့မျက်လုံးတွေကိုအကြာကြီးမကြည့်နိုင်ဘူး "

အဲ့စကားလည်းကြားရောlisa လှဲအိပ်နေတဲ့ sofa ပေါ်ပြေးတက်သွားပြီး lisa မျက်လုံးတွေကိုလိုက်ကြည့်သည်

You've reached the end of published parts.

⏰ Last updated: May 04, 2021 ⏰

Add this story to your Library to get notified about new parts!

My Lovely Jennie [ JENLISA ]Where stories live. Discover now