Part-25ငါးယောက်အပြိုင်ပလူး/ငါးေယာက္အၿပိဳင္ပလူး

9K 1.1K 5
                                    

Unicode

ဝတ်စုံလဲကျင်းပေးကြသည့် အစေခံမလေးများ ငိုမဲ့မဲ့ မျက်နှာပေးလေးများဖြင့် ပြေးထွက်သွားခဲ့ကြသည့် နောက်တော့မှ ဖူးယာလည်း သက်ပြင်းအရှည်ကြီး တစ်ချက်နှင့်အတူ ထမင်းစားပွဲ ပြင်ပေးထားသည့် ခုံမှာ ဝင်ထိုင်လိုက်တော့သည်။

ဟိုင်ရွေ့က သူ၏လက်ထဲကို တူတစ်စုံ အသင့် ကမ်းပေးလာခဲ့သည်။တစ်ဆက်တည်းဆိုသလိုလည်း ပြေးထွက်သွားကြသည့် အစေခံလေးများကို လည်ပြန်နှင့်လည်လိမ်နှင့်ကို လိုက်ပြီး ကြည့်နေခဲ့သေးသည်။သူ၏ ပုံစံကဖြင့် မသိလျှင် ဖူးယာကဘဲ လူရမ်းကာကြီးလိုလို၊အနှီမိန်းကလေးတွေကို ထိုကဲ့သို့ အလန့်တကြားပြေးထွက်စေသည့် အကြောင်းပြချက်ကြီး ထိုကဲ့သို့ပေါ့။မျက်ခုံးတန်းကြီး နှစ်ဖတ်ကို ဆွဲကျုံ့ထားလျှက် သက်ပြင်းများပင်လျှင် အထွေထွေ ချနေပြန်သေးသည်။

နဂိုကပင် အားအင်ကုန်ခမ်းနေသည်မို့ အနှီဟိုင်ရွေ့ကို မာန်မဲငေါက်ငမ်းဖို့ကိုလည်း သူ့မယ် အားထုတ်ချင်မနေဘူး။ထို့ကြောင့်လည်း စာပွဲပေါ်ရှိ အငွေ့တထောင်းထောင်းထနေသည့် ဖက်ထုပ်လုံးပန်ကန်အတွင်းမှ ဖက်ထုပ်များကိုသာ တူဖြင့် အမြန်ကောက်ယူလိုက်ရင်း ခံတွင်းအတွင်းသို့ အဆက်မပျက်ဆိုသလိုသာ သိပ်ထည့်နေလိုက်တော့သည်။

သို့နှယ် အချိန် ဘယ်လောက်မှ ကြာအောင် အောင့်အီးဖို့ မလုပ်နိုင်လိုက်ဘူး တကယ်။မည်မျှပင် အားအင်တွေ ကုန်ခမ်းနေပြီဆိုပါဦး သူမှာ ချွေ့ဖူးယာပင် ဖြစ်နေသေးသည်မို့လည်း မနေနိုင်ခဲ့။အဆုံးမှာတော့ ပျင်းရိပျင်းတွဲလေသံလေးနှင့်ဘဲ မကျေနပ်မှုကို ဖော်ပြဖို့ လုပ်လိုက်မိတော့သည်။

"တော်လောက်ပြီနော်...မင်းကိုကြည့်ရတာ အရမ်းအားယားနေတဲ့ပုံနဲ့။အခု ကိုယ်တော့်ကို ဝေဖန်နေတာမလား...မသိရင် ကိုယ်တော်ကဘဲ လူယုတ်မာကြီးကျနေတာ။အဲ့ဒီနန်းစေတွေက သူတို့ဘာသူတို့ အကြောက်လွန်ပြီး ထွက်ပြေးကုန်ကြတာ...တကယ် ကိုယ်တော်ကြောင့် မဟုတ်ဘူး...''

"အိုက်ယား ကျွန်တော်မျိုး သိပါတယ် အရှင့်သားရယ်...သူတို့က ရုတ်တရက် ပြေးထွက်ကုန်ကြတော့...ကျွန်တော်က အရင်တုန်းက အရှင့်သားရဲ့ပုံစံကို သွားပြီး စဥ်းစားလိုက်မိလို့ပါ...''

အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete) Wo Geschichten leben. Entdecke jetzt