Unicode
"ချွေ့ဖူးယာ!''
ယတိပြတ် ငြိမ်သက်သွာရသည့် ခတ်ထန်သည့် လေထုနှင့်အတူ...
''ဒီလောက် သတ္တိရှိပြနေတယ်ပေါ့ ဟုတ်လား မင်းကိုယ့်ကို နောက်ထပ် ခြေတစ်လှမ်းလောက်ဘဲ ထပ်လှမ်းပြကြည့်လိုက်!"
သူ၏အမည်ကို ဆောင့်အော်ထည့်လိုက်ပြီး ကျန်စကားများကိုလည်း မောက်မာ တိပစွာ အံကြိတ်လို့ကို ပြောလာခဲ့သည်။ဒီတစ်ကြိမ်တော့ ဖူးယာခဗျာ ပုခုံးလေးများပင် မြင့်တက်သွားမိသည်အထိ တကယ်ကို လန့်ဖျန့်သွားမိပါပြီ။လည်ပြန်ကာ လှည့်ကြည့်မိပြီး ရှုဖုန်း၏ နီစပ်နေခဲ့သည့် မျက်ဝန်းများနှင့် ဆုံမိသွားတော့မှဘဲ အသက်ပင် ရဲရဲမရှုဝံ့တော့လောက်အောင်အထိ သူ အခုမှ ကြောက်ရကောင်းမှန်း သိသွားတော့သည်။
"ဒီထက်ပို ကဲကဲဆက်ပြရဲရင် အဲ့ဒီပြည့်တန်ဆာမသားကို ချက်ချင်း သေဒဏ်ကျအောင် လုပ်ပစ်လိုက်မယ်၊မင်းယုံလား!''
ဖူးယာ တကယ်ကို နောင်တရမိသည်။ယခုအခြေအနေကဖြင့် အလှလေးမှာ သူ့ကြောင့်သာ ပို၍ အပစ်သင့်စေလိမ့်မည်။အနှီမင်းသားရှုဖုန်းကို ကဲကဲလှုပ် ငြင်းဆန်ပစ်နေသည်ထက် အပျော့ဆွဲလေး ဆက်ဆံပေးရင်းသာ သူလိုရာကို ပုံဖော်နိုင်ဖို့ ကြိုးစားကြည့်သင့်သည်။''ချွေ့ဖူးယာရေ ချွေ့ဖူးယာရ....မင်းတော့ ဘာလို့များ ဒါကို စောစော သတိမပြုမိခဲ့ရတာလဲ?ဆိုပြီး စိတ်ထဲကနေ တိတ်တိတ်လေးသာ ငြီးတွားမိတော့သည်။
ဒါပေမဲ့ နောက်မကျသေးပါဘူး။ဘယ်လို ကိုင်တွယ်ရမလဲဆိုသည့် နည်းလမ်းကိုသာ သိရင် သူဒါကို ကောင်းကောင်း လုပ်နိုင်လိမ့်မည်ဘဲ ဖြစ်သည်။ဖူးယာ ချက်ချင်းပင် မျက်နှာလေးငယ်လျှက် မျက်လွှာလေးလည်းချကာဘဲ မချင့်မရဲလေး ဆိုဖြစ်လိုက်တော့သည်။
"ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ်...''
မင်းသားရှုဖုန်း၏ ခတ်ထန် တင်းမာနေသည့် မျက်ခုံးတန်းများလည်း မယုံကြည်နိုင်အောင် ပြေလျော့လို့သွားသည်။သို့သည့်နှယ် မျက်လုံးများကိုတော့ မြှေးကျဥ်းလိုက်သေးပြီး သံသယဆန်ဆန်ပင် ကြည့်လာခဲ့သည်မို့လည်း ဖူးယာက ဆက်ဆိုလိုက်သည်။
ВЫ ЧИТАЕТЕ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Исторические романыCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...