part 9

87 12 5
                                    

.
အိမ်ဝစစရောက်တော့
လူကိုမင်သက်စေသည်
ရှောင်ကျန် သူပိုက်စံရှိတာတောင်
သည်လိုအိမ်မျိုးမမြင်ဘူးဘူး
သံမတထက်တောင်ချမ်းသာတယ်ထင်ရတယ်

ဒါပေမဲ့ သူ့ချစ်သူကဘယ်သူမလို့လည်း
နတ်ဘုရားလေ

ကျိုးချန် ကတော့ဆူပုတ်ပုတ်နဲ့လိုက်လေရဲ့

"ကလေးလာ"
ရိပေါ်အခေါ်ကြောင့်
အိမ်ထဲဝင်လိုက်တော့
အောက်ဘက်ကြမ်းပြင်တွေက
ပြောင်လက်နေပြိး
မျက်နှာချက်ကလည်း
မီးဆိုင်းတွေအများကြီး

ုခြံဝန်းကလည်းကြယ်သလောက်
ပန်းခင်းထဲရောက်နေသလို
ပန်းတွေကအပြည့်
ထိုပန်းတွေကနှင်းဆီပန်းတွေ
အဖြူ အဝါ ရောင်စုံပဲ

သူကနှင်းဆီပန်းကြိုက်တာမို့
ငေးနေတာအတော်ကြာ

"ကလေး လာ
ကျိုးချန် အခန်းကိုအရင်လိုက်ပြရအောင်
ပြီးမှကလေးအခန်းလိုက်ပို့မယ်"
"ရပါတယ် ကိုကိုရဲ့"

လှေခါးကနေဆက်တပ်သွားပြီး
လှေကားတစ်လျောက်
ပန်းမန်တွေအပြည့်

"ကျိုးချန် သည်အခန်း"
"ဟုတ်ကျေးဇူးပါ"
တိုက်ကသုံးထပ်ဖြစ်ပြီး
ကျိုးချန် အခန်းကဒုတိယထပ်တွင်ရှိလေသည်
အောက်ထပ်ကတော့
အလုပ်သမားများနေရန်ဖြစ်သည်

"ဟွန့်ငါကျဒုတိယထပ်မှာ
သူတို့ကျ"
စိတ်ဆိုးကာအခန်းတံခါးဖွင့်လိုက်တော့

"ဝါး.....ငါသဘောကျတယ်
ငါအခန်း
ဝါး စစ်နတ်ဘုရား ကစေ့စပ်တယ်လို့မပြောရဘူး"

ကျိုးချန် အခန်းက
ခုတင်
ဘေးမှာ
ရေကန်အကျယ်ကြီး
နဂါးဖြစ်တဲ့အတွက်ရေကြိုက်တယ်လေ
သူ့နေရာနဲ့သူပစ္စည်းတွေကအစီအရီ

ရေကူးလိုက်
အိပ်လိုက်
အပန်းဖြေတာကျလို့
ပျော်သွားပြီကွ

ရိပေါ်တို့ကျိုးချန်အခန်းပြပြိး
လှေကားကနေဆက်တတ်သွားသည်
အပေါ်ထပ်အခန်းတစ်ခန်းရှေ့ရောက်

"ကလေးဒါကလေးအခန်း"
ပြောကာတံခါးဖွင့်ပြလိုက်တော့
"ဝါး....ကိုကိုပန်ခင်းလား အိပ်ခန်းလား နှင်းဆီပန်းရောင်ဆုံတွေအများကြီးပဲ"
"သဘောကျလား"
"ကျတယ်အရမ်းပဲ
ကလေးနှင်းဆီပန်းကြိုက်တာဘယ်လိုသိလည်း"
"ကိုယ့်ချစ်သူပဲ
မသိစရာလား"
"ဟီးဟီးအဲ့ကျမို့ချစ်တာ"
ပြောကာပါးလေးကိုနမ်းလိုက်တာကြောင့်
ရိပေါ်တောင့်သွားသည်
အပေါက်ဝမှာကြောက်ရုပ်အလား

The Searching Of My Love GodWhere stories live. Discover now