1(တွေ့ဆုံမှု)(တွေ့ဆုံမှု)

112 6 0
                                    


Zawgyi

သက္ကရာဇ်မှာ 1805 ခုနှစ်။ ဟန်တိုင်းပြည်မှာ ဘုရင်
လန်ဟွမ်ရှီး အုပ်စိုးစဉ်ကာလ။ သာယာဝပြောတဲ့ တိုင်းပြည်မှာ ပုန်ကန်သူရယ်လို့လည်း မရှိသေး။
တိုင်းပြည်ရဲ့ဖခင်ကလည်း မင်းကျင့် တရားနဲ့ အညီအုပ်ချုပ်သလို တိုင်းသူပြည်သားတို့အပေါ်မှာ ကိုယ့်ရဲ့သားသမီးကဲ့သို့ စိတ်သဘောထားရှိလေတဲ့တိုင်းပြည်ရဲ့ မိခင်ကတော့ ဝေ့ရန်ယွင်။ ဘုရင်ကိုယ်တော်တိုင် ချစ်ခင် စုံမက် နှစ်သက်လို့ တော်ကောက်ထားသော မိဖုရားပင်။
ကုန်သွယ်လုပ်ငန်းလုပ်ကိုင်တဲ့ ဝေ့သခင်ကြီးတို့ဟာ ဘုရင်ရဲ့ ယောက္ခမ ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဟန်တိုင်းပြည်က ဖူကျိုးမြို့မှာပင် အခြေတကျ နေထိုင်ကြတယ်။

ဖူကျိုးမြို့ရဲ့ ဈေးတစ်နေရာမှာ လူတွေစည်ကားနေလေတယ်။ အကြောင်းရင်းကတော့ နီရဲနေသော မီးခဲများကို မြို့အဝင်လမ်းတစ်လျှောက် ၁၀ပေခန့် ကြဲချထားကာထိုမီးခဲများအ‌ပေါ်မှ ဖြတ်လျှောက်မှ မြို့ထဲကို ဝင်ရမည်ဟု ပြောနေသော လူတစ်စု။

" ဒီ အပေါ်က ဖြတ်သွားမှ မြို့ထဲကို ဝင်ရမှာ။ ဖြတ်လျှောက်ချင်တဲ့သူက ငါတို့ ခေါင်းဆောင်နဲ့ ယှဉ်ပြိုင်ပြီး လျှောက်ရမယ်"

"အိုး ပွဲကတော့ ကြည့်ကောင်းပြီ။ ဘာမှ ပြန်မလုပ်နိုင်တဲ့ လူတွေနဲ့ ယှဉ်ပြိုင်ပြီး ကိုယ့်ကိုကိုယ် ဂုဏ်ယူနေတာပဲ။
အထင်ကြီးစရာပါလား" အသံထွက်လာလို့ ကြည့်သော်လည်း ရှာမတွေ့။

"ကျုပ်နဲ့ ယှဉ်မယ်။ ကျုပ်နိုင်ရင် ဒီကလူတွေ အားလုံးကို မြို့ထဲ ဝင်ခွင့်ပေးရမယ်" ရှာနေသော လူတစ်စုရှေ့
ခုန်ချလာသော ကောင်လေးတစ်ယောက်။အနီရောင် hàn fú(တရုတ်ရိုးရာအင်္ကျီ) ကို ဝတ်ဆင်ထားပြီး
ခါးတွင် ရွှေရောင်ကြိုးဖြင့် စည်းနှောင်ကာ အင်္ကျီမှာ ပေါင်အလည်ထိပင်ရှည်နေခြင်းက တမျိုးအမြင်ဆန်းစေလေတယ်။ ဘောင်းဘီ အနက်အရှည်မှာ ပွယောင်းယောင်းဖြစ်မနေခြင်းက ထိုလူနှင့် အလွန် လိုက်ဖက်သည်မှာ ဧကန်ပင်။ အင်္ကျီလက်ကို တံတောင်ဆစ်နားအထိ ခေါက်တင်ကာထားသောကြောင့် ကျောက်စိမ်းရောင်အသားအရောင်တို့မှာ အထင်းသားပင်။
ဆံပင်ကို စုစည်းချည်ထားပြီး မမှီသော ဆံပင်များ
ကပိုကယို ကျနေသည်မှာ လည်တိုင်ပေါ်တွင်အထင်းသား။ ဘေးခွဲဖြာကျလျက်ရှိသောဆံပင်လေးတွေက နဖူးပေါ်မှာ သက်ဆင်းကြတယ်။ နှာခေါင်းလုံး လုံး နှုတ်ခမ်း လုံးလုံးလေးနဲ့ ဘဲဥလိုကောင်လေးဟာ
အခုမှ အသက်၁၈နှစ်လောက်ပင် ရှိဦးမည်။

Not EmpressWhere stories live. Discover now