2.(ဝေ့ရင်းလို့ခေါ်ဆိုခွင့်)(ဝေ့ရင်းလို့ခေါ်ဆိုခွင့်)

45 6 0
                                    

Zawgyi

"ကျွန်တော် ရောက်ပြီ ကော"
မျက်စိရှေ့က ကောင်လေးကို ဝေ့ဝူရှန့် တစ်ချက် ကြည့်လိုက်တယ်။ အလုပ်သမားတွေအတွက် ဝတ်စုံနဲ့တောင် ဒီကောင်လေးရဲ့ အရောင်အဝါက မှေးမှိန်သွားခြင်းမရှိ။
ဒီကောင်လေးက ယောက်ျားပီပီသသချောတာဟု စိတ်ထဲမှ မှတ်ချက်ချမိသေး။

"ငါ့ကို သခင်လေး လို့ခေါ်"

"ဗျာ။ ဟိုလေ ဝေ့ရင်း‌ လို့ခေါ်လို့မရဘူးလား"

"သခင်လေးဆိုတာက ဘာဖြစ်လို့လဲ။
ငါကမင်းထက် အသက်ကြီးတယ်နော်"

"သခင်လေးဆိုတာက အိမ်တော်မှာရှိတဲ့ လူတွေအကုန်လုံးက ခေါ်တာလေ။ ကောက ကျွန်တော်ရဲ့ကျေးဇူးရှင်ဆိုတော့ သူများခေါ်တာနဲ့ အတူတူ မခေါ်ချင်ပါဘူး"

ဝေ့ဝူရှန့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး

"ဟုတ်ပြီ။အမေးအဖြေ ၃ ခု တစ်ယောက်တစ်လှည့်မေးမယ်။မင်း ငါ့ထက် အမှတ်များရင် ခေါ်ခွင့်ပြုမယ်"

"သဘောတူတယ်"

ဝေ့ဝူရှန့်က စပြီးမေးတယ်။

၁။"ကျောမှာ အနာအကြီးကြီး ပေါက်နေတဲ့လူတစ်ယောက်က အိပ်ရင် ဘယ်လိုအိပ်မလဲ"

"ဟားဟား လွယ်လွယ်လေး မှောက်ပြီး အိပ်မှာပေါ့"

"မှားတယ်။ မျက်စိမှိတ်ပြီးအိပ်မှာပေါ့"

၂။ " အသားဖြူတဲ့လူရယ် အသားမည်းတဲ့လူရယ် ညားပြီးမွေးလာတဲ့ ကလေးရဲ့ သွားက ဘာအရောင်လဲ"

" သွား ဆိုမှတော့ အဖြူရောင်ပေါ့ ကောရဲ့"

"မှားပြန်ပြီ။ မွေးကင်းစ ကလေးက သွားမှမပေါက်တာ"

"ဟာ ဗျာ ကော ကတ်သီးကတ်သတ်တွေ မမေးနဲ့ဗျာ"

ရှေ့ကနေ ဆွေ့ဆွေ့ခုန်နေတဲ့ ကောင်လေးကို ကြည့်ပြီး ဝေ့ဝူရှန့် တစ်ယောက် အားရပါးရရယ်လေတယ်။

"ဝေ့ရင်း။ ရယ်ရင် အရမ်းလှတာပဲ"
ကောင်လေးရဲ့ အပြောစကားကြောင့် ဝေ့ဝူရှန့် တစ်ယောက် ရယ်နေတာတောင် တွန့်သွားရတယ်။

၁။"ဒီတစ်ခါ ကျွန်တော်မေးမယ်။
လျှပ်စီးလက်တာကို မြင်ပြီးမှ ဘာလို့မို့ခြိမ်းတာကို ကြားရတာလဲ"

Not EmpressWhere stories live. Discover now