" The Rainbow of Gay's Law '' Part ( 9 )

64 7 1
                                    

" The Rainbow of Gay's Law ''
🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

                 ⛩   အခန်း ( ၉ ) ⛩

            ဝသုန်ဦးတစ်ယောက် ကျောင်းဆင်းပြီးလို့ အတန်းဖော်တွေနဲ့ လမ်းခွဲကာ မိခင်မှာလိုက်သော ဆေးများဝယ်ဖို့ ထွက်လာခဲ့လေတော့သည်။ ဆေးများဝယ်ပြီး အပြန်မှာ လမ်းကွေ့နေရာလေးရောက်တော့..

" ဒုတ်... ''

        လူတစ်ယောက်က သူ့အား အရှိန်ခပ်ပြင်းပြင်းနဲ့ ဝင်တိုက်သွားလေတော့သည်။ အရှိန်ကပြင်းတာရော သူကိုယ်တိုင်လည်း သူ့အတွေးနဲ့သူ လာနေတာကြောင့်ရော ရုတ်တရက် အရှိန်မထိန်းနိုင်ဘဲ အရှေ့သို့ ခပ်လှမ်းလှမ်လေး လွင့်ထွက်သွားလေတော့သည်။ လူတစ်ယောက်ကို တိုက်ပြီး မတောင်းပန်သည့်အပြင် ဟားတိုက်ရယ်မောနေသောကြောင့် သူကြည့်လိုက်မိလေတော့

" ဟင် မင်းဘာလား ''

" ဟုတ်တယ်လေ ဘာလဲ မမှတ်တော့ဘူးလား စီးပွားရေးမေဂျာရဲ့ ဟီးရိုးကြီးရဲ့ ''

" မှတ်မိတာပေါ့ကွ ဘာလဲ မင်းကတစ်နေ့က ကိစ္စကို အဆာမကြေလို့ အခုလို လုပ်တာလား ''

" ဟုတ်တယ်ပေါ့ကွာ ပြောရရင်တော့ မင်းကငါ့ကိစ္စကို မဆိုင်ဘဲ ဝင်စွက်ဖက်တာလေကွာ ''

" ဟာ ငါကမတရားတာမြင်လို့ ကူညီပေး တာလေကွာ ဘာလဲ မင်းရဲ့အကျင့်က အဲ့လိုဘဲလားကွ ''

" ငါဘာသာငါဘာဖြစ်ဖြစ် မင်းဝင်ရောက်စွက်ဖက်စရာမလိုဘူး အဲ့နေ့ကလည်း လူအရမ်းများလာလို့ မင်းသက်သာတယ်မှတ်ပါ အခုတော့ မင်းကို ပညာပေးရတော့မယ် ''

" မင်းက တစ်နေ့က ခံရတာကို မမှတ်သေးတာလား ''

" ဟားဟား သိပ်မှတ်မိတာပေါ့ကွ အခုက ငါမင်းကိုမဆုံးမဘူး ငါ့လူတွေနဲ့ဆုံးမခိုင်းမယ်ကွ ''

" ထွက်လာကြစမ်း ဒီလောက်ဟီးရိုးဖြစ်နေတဲ့အကောင်ကို ဆုံးမပေးလိုက် ''

          ထိုကောင်လေးက ခေါ်လေတော့ လမ်းကွေ့ကြားကနေ အရွယ်ကောင်းကောင်း ဗလတောင့်တောင့် လူရွယ်နှစ်ဦး ထွက်လာလေတော့သည်။

" The Rainbow of Gay's Law " ( Completed )Tempat cerita menjadi hidup. Temukan sekarang