Zawgyi
"လန်ကျန့် ငါတို့ မြို့ထဲသွားရအောင်"
"မနက်ဖြန်မှ သွားပါလားဗျာ။ မနေ့က အပုန်းကောင်းပြီး နေလည်းသိပ်ကောင်းတာ မဟုတ်ဘဲ"
မနေ့က ဝေ့ဝူရှန့်က တူတူပုန်းတမ်း ကစားချင်ပါသည်ဆို၍ ဝေ့ဝူရှန့်က ပုန်း။ လန်ကျန့်က လိုက်ရှာရလေသည်။ဝေ့ဝူရှန့်အပုန်းကောင်းချက်ကတော့ လန်ကျန့် တနေကုန်ပတ်ရှာတာတောင် လုံးဝမတွေ့။မနက် မိုးလင်းကနေရှာလိုက်တာ ညနေစောင်းမှ ရေတွင်းထဲကနေတက်လာကာ သွားဖြီးနဲ့ရယ်ပြလေရဲ့။
သူလွန်မှန်းသိလို့ စိတ်မကောင်းဖြစ်သွားတာကို
လန်ကျန့်က ဘယ်လိုထင်သွားတယ်မသိ"ကဲဗျာ သွားမယ်။ ပြဿနာ မရှာနဲ့နော်"
"ပြဿနာက ဝေ့ဝူရှန့်ရေ....... ဆိုပြီးရောက်လာရင်ဘယ့်နှယ်လုပ်မလဲ" နှုတ်ခမ်းကို မဲ့ပြပြီး လက်ပိုက်လို့ပုခုံးတွန့်ကာ ပြောတဲ့ ဝေ့ရင်း။
"အဲ့အခါကျရင်လည်း ဝေ့ဝူရှန့်ဆိုတာ ဒီဘက်က ဘဲဥလိုကောင်ပါလို့ ပြောလိုက်" သူ့ရင်ဘတ်သူ ပုတ်ပြကာပြောနေတဲ့ လန်ကျန့်ကြောင့် ဝေ့ဝူရှန့်ဟာ သဘောတကျရယ်မိတယ်။
"မရယ်နဲ့"
"ဘာလို့လဲ"
"ရှေ့က ပြူးထွက်နေတဲ့ သွားနှစ်ချောင်းက ကျွန်တော့်ကို လာပြီးခုတ်မိမှာစိုးလို့"
"ဘဲဥလိုကောင်....."
~~~~~~~~~~~~~~~~
"ဝေ့ရင်း ဒီဟာ လိုချင်လို့"
ကလေးလို လာပူဆာတာကြောင့် ကြည့်လိုက်မိတော့ လေတံခွန်လေး။"လိုချင်ရင် ဝယ်လေ" မသိချင်ယောင်ဆောင်လို့ရှေ့ဆက်သွားမိတော့ လက်မောင်းကို ခေါင်းဝှေ့ကာ ပူဆာလေတယ်။
"ကျွန်တော့်မှာ ပိုက်ဆံမှ မရှိတာ။ ဝယ်ပေးပါလို့ နော်နော်။ တစ်ခုပဲလေ တစ်ခုပဲ"
"အဟမ်း ငါ့ကို ကောကော လို့ ခေါ်ရင် ...."
ပြောလို့တောင်မဆုံးသေး"ကောကော ရေ သားကို လေတံခွန်လေး တစ်ခုဝယ်ပေးပါလို့...." မျက်နှာငယ်လေးနှင့်ပူဆာနေသောကြောင့် ဝေ့ဝူရှန့်ခမျာ ထိုကောင်လေးကို ဖျစ်ညှစ်ပစ်ချင်နေလေပြီ။
လန်ကျန့်ရဲ့ နှာခေါင်းလုံးလုံးလေးကို ဆွဲလိမ်လိုက်ပြီး