Part -2

5.1K 275 3
                                    

Unicode......

......

အိပ်ပျော်နေပြီဖြစ်တဲ့ သက်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

ညစာစားပွဲကိုလက်လွတ်ပြီး ညီမလေးရဲ့မွေးနေ့
မို့ သူမ အချိန်အကုန်သုံးသည်။

ဘေးနားက မီးပိတ်ပြီး အခန်းထဲက ထွက်လာသည်။ ဧည့်ခန်းကျယ်ထဲရောက်သည်။ ညီမလေးက အမြဲတမ်းအောက်ထပ်မှာပဲနေတယ်။

မီးအလင်းရောင်က အောက်ထပ် တစ်ခုလုံးကိုလင်းထိန်နေစေသည်။

တဆက်တည်း။ အနားက  ချိုချိုကို

"ရိုးတွင်းချင်ဆီ အလှူရှင် မတွေ့သေးဘူးလား" ဆိုတော့ ချိုချိုက

"မတွေ့သေးပါဘူး။ဉက္ကဌ။ အရင်ကထက် ပိုပြီး အင်အားသုံးနေပါတယ်။ အမြန်ဆုံးရှာတွေ့ မယ်ထင်ပါတယ်"

"အချိန်က..."

"အရမ်းအများကြီးမရှိတော့ပါဘူး။ .." စက္က သက်ပြင်းချလိုက်သည်။ အဲ့လိုလား။ ဒါကြောင့်။ ခေါင်းကိုဖြေးဖြေးချင်းခါရင်း

"ငါ့ကိုထပ်စစ်ပေးလို့မရဘူးလား" ဆိုတော့ တိတ်ဆိတ်သွားသည်။

စက္က က

"မနက်ဖန် ငါ ပင်လောင်းကိုသွားရမှာ။
မြေကြည့်ဖို့ရှိတယ်။ ဒါပေမယ့် တစ်‌ေယာက်တည်းပဲသွားမယ်။
ချိုချို ညီမလေးအတွက် လုံခြုံရေးအပြည့်ယူပေးထား။
ဖြစ်နုိင်ရင် အမြန်ဆုံးအလှူရှင်ကို တွေ့ချင်တယ်။"
။"ဟုတ်ကဲ့။ ဒါပေမယ့် တစ်ယောက်တည်းတော့မသွားပါနဲ့လား။ဉက္ကဌ"

စက္ကက

"ကိုလင်းဇော်ကိုခေါ်ရင်လူသိတယ်။ အခုကတစ်‌‌ေယာက်တည်းလျို့ဝှက်ပြီးသွားမှာ။စိတ်မပူနဲ့"

ချိုချို ခေါင်းသာညိတ်လိုက်သည်။ စက္ကက ချိုချို ပုခုံးကိုပုတ်ပြီး

"အားကိုးမယ်နော်"

"ဟုတ်ကဲ့"

စက္က အပေါ်ထပ်ကိုတက်လာသည်။  သူမအိပ်ခန်းထဲဝင်ပြီး လသာဆောင်ဘက်ထွက်လာသည်။

ရန်ကုန်ရဲ့ရာသီက  ညဆိုရင်တောင်ပူအိုက်နေတာ။ အပေါ်က ညအိပ်ဝတ်စုံကို ချွတ်ချလိုက်သည်။

ဆောင်းလေဖြူး၍......ရူးစေသော် (GL Story)(Z+U)🔞 A LittleWhere stories live. Discover now