မိုးဖွဲတွေကျနေပြန်ပြီ မောင်......
"မောင်"
မနက်ထဲက အလုပ်လုပ်နေသည့် တစ်ဦးတည်းသော လူနားထိုင်ကာ ခေါ်လိုက်သည်။ စာရွက်စာတမ်းများကို ကြည့်နေတဲ့ မောင်က ချက်ချင်းပြန်ထူးသည်။
"အင်း ပြောလေ"
"မောင် နင် ဒီနေ့ ငါနဲ့ အပြင်သွားပေးမယ်ဆို"
ဟုတ်သည်။ မောင်က ငါနဲ့ အပြင်သွားပေးမယ်လို့ ကတိပေးထားတာ အရင်အပတ်ထဲက။ ဒါပေမယ့် အလုပ် သိပ်များတဲ့မောင် က အလုပ်ကိစ္စအရေးပေါ်ဆိုပြီး မနက်ဖြန်ကို ရက်ရွေ့လိုက်တာလေ။
မနက် ၁၁ နာရီဆိုပေမယ့် နေမပွင့်သေး။ ထို့အပြင် အပြင်ဘက်မှာ မိုးဖွဲလေးတွေကျနေတယ်။အဲ့ ရေမှုံလေးတွေထဲလျှောက်သွားရတာ ငါကြိုက်တယ်။ မောင်လည်း ကြိုက်တယ် ဘာလို့လဲ ဆိုတော့ ဟိုးငယ်ငယ်ထဲက ငါကြိုက်လာတဲ့အရာကိုး။
"ဘယ်သွားချင်တာလဲ"
"လျှောက်သွားချင်တာ"
မောင့် ပုခုံးပေါ် ခေါင်းသာသာလေးမှီပြီးပြောတော့ မောင်က ပြုံးကာပြန်ပြောလာသည်။
"ငယ်ငယ်ကအတိုင်းပဲ ဆိုးနေတုန်းပဲ။
ထ အခုသွားမယ်""ဟမ်.... မောင် အလုပ်မပြီးသေးဘူးမလား"
"ဒီလိုပိတ်ရက်တွေက မောင့်နားရက်လေ"
အင်း ဟုတ်သားပဲ၊ ပိတ်ရက်တိုင်း မောင့်ကို ခွင့်ရက်ပေးထားတယ်။ သူအားနေတာပဲ။ ဒါပေမယ့် မောင်က အလုပ်ဂျပိုးလေ အဲ့တော့ အခုလိုလုပ်တာမဆန်းဘူး။
"ချစ်သည်း နင်တွေးနေတာတွေ ရပ်ပြီး ပြင်ဆင်တော့"
အတွေးအရမ်းများတတ်တဲ့ ငါ့ခေါင်းကို တချက်ပုတ်ပြီး ထွက်သွားတဲ့ မောင်က အေးစက်စက်နဲ့ ဒါပေမဲ့ ငါ့အပေါ်ကောင်းတယ်လေ။
နှာတချက်မှုတ်လိုက်ပြီး အခန်းထဲ ဝင်သွားတော့ လှုပ်ရှားရလွယ်ဖို့ ခေါင်းလောင်းဂျင်းဘောင်းဘီ နှင့် နို့နှစ်ရောင် ဆွယ်တာ ကို ဝတ်လိုက်သည်။ မိုးနှင့် ဖိနပ်အဖြူက မလိုက်လဲ ဝတ်သည်။
ရေအိုင်ငယ်လေးတွေကို ဖြတ်သွားလိုက်တာနဲ့ ပေါ်လာတတ်တဲ့ အသံက နားထောင်လို့ကောင်းတယ်လေ။