Yᴏᴜ ᴀʀᴇ ᴍʏ Mᴏᴄʜɪ🐽 U

3.5K 329 8
                                    

Yᴏᴜ ᴀʀᴇ ᴍʏ Mᴏᴄʜɪ🐽

ဆိုင်တံခါးတွင်ချိတ်ထားသော sign လေးကို close သို့ပြောင်းလိုက်သည်နှင့် ဝမ်ရိပေါ်၏တစ်နေ့တာပြီးဆုံးသွားလေပြီ။

စားပွဲခုံတို့ကိုသုတ်၊ ပိုက်ဆံတွေသိမ်း၊ မှန်ဘောင်ထဲမှ Mochi တွေကိုထုပ်ပိုးပြီးနောက်တွင်မူ ညနေပင်စောင်းလုနေလေပြီ။

တစ်ဖက်က Mochi တို့ထုပ်ထားသောအထုပ်ကိုကိုင်၊ တစ်ဖက်ကဆိုင်တံခါးသော့ပိတ်ကာခြေလှမ်းတို့က ဆိုင်ရဲ့တစ်ရပ်ကွက်ကျော်မှာရှိတဲ့ ကလေးဆေးရုံတို့ဦးတည်လေတယ်။

ဝမ်ရိပေါ်ရဲ့ Mochi တို့က အရမ်းမချိုတာကြောင့် ကလေးတွေလည်းစားဖို့အဆင်ပြေပြီး အရသာကောင်းလို့ ထပ်စားချင်လောက်အောင်ထိဆွဲဆောင်နိုင်တယ်လေ။

မုန့်တွေလည်းဝေအပြီးမှာတော့ သူ့ကို မနက်က အိမ်လာခဲ့ဖို့ဖုန်းဆက်ခေါ်ထားတဲ့ မင်ဟန့် ဆီသို့သွား‌လေ‌တော့တယ်။

────────────────────────
တင်းတောင်~

“လာပြီ ရိပေါ်ရေ လာပြီ!”

ခဏအကြာ တံခါးလာဖွင့်ပြီး လီမင်ဟန့်က ရိပေါ်ကို သူ့အိမ်ထဲခေါ်လာတယ်။

“ဘာကိစ္စခေါ်တာတုန်း ငါ့ကို။ ငါမနက်ဖြန်အတွက် Mochi တွေလည်းလုပ်ရ‌ဦးမယ်။”

“ဖြည်းဖြည်းပေါ့ ငါ့ကောင်ရာ။ ငါလည်း ကူလုပ်ပေးမယ်လေ။”

“နေ နေ။ ငါ ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတာ။ လိုရင်းပြော။”

“ဒီလိုကွာ ငါအခု‌မြေအောက်ခန်းကိုရှင်းနေတာ။ အဲ့ဒီမှာ ငါ့အဖိုးကရှေးဟောင်းပစ္စည်းတွေစုတယ်လေ။ တချို့ ပစ္စည်းတွေရောင်းသင့်တာရောင်းမလို့ မင်းလည်း ရှေးဟောင်းပစ္စည်းစိတ်ဝင်စားတော့ မရောင်းခင် မင်းကို ဦးဦးဖျားဖျား ကြိုက်တဲ့ပစ္စည်းယူစေချင်လို့။”

“ပြီးရောလေ ပြ။”

────────────────────────
*ကျွီ*

“ဟောဒီမှာပါဗျာ။ ငါ့အဖိုးရဲ့ရတနာသိုက်ကြီး။”

‌တံခါးဖွင့်သည်နှင့် ဖုန်တထောင်းထောင်းနှင့်အတူ တွေ့လိုက်ရသည်ကတောင်ပုံရာပုံပစ္စည်းများ။

𝙼𝚘𝚌𝚑𝚒 (ฅωฅ)♡ 『Completed』Where stories live. Discover now