Time skip>>>
Newရဲ့ ငိုင်နေတဲ့ပုံကြောင့် Tay မမေးပဲ နေလို့မရတော့ဘူး
Tay - ''New ဘာဖြစ်နေတာလဲ...တစ်လမ်းလုံး စိတ်နဲ့လူနဲ့ မကပ်သလိုပဲ...''
New - ''ကုကစ်ကို ခုထိ ဖွင့်မပြောရသေးဘူး......''
Tay - ''ဒီလို ကိစ္စမျိုးဆိုတာ...တစ်ခြား လူဆီက သိသွားလို့ မကောင်းဘူး....မင်း ကိုယ်တိုင် မြန်မြန် ဖွင့်ပြောသင့်တယ်...''
New - ''ကိုကို့မှာ ကိုယ်ဝန်ရှိနေပြီ...အာ့ကြောင့် ခလေးအဖေနဲ့ လက်ထပ်တော့မယ်......အဲ့လိုပြောရင် သူက လက်ခံမှာလား....''
Tay - "သူ မင်းကို တကယ်ချစ်ရင် လက်ခံနိုင်ရမှာပေါ့...''
New - ''အကို ဆိုရင်ရော... ''
Tay - "အကိုမှ မကြုံဖူးတာ...ဘယ်သိမလဲ...အဲ့တာတွေ တွေးပူမနေနဲ့ အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ်"New - "ဒါနဲ့ .. P'Tayသိလား....ခလေးဆိုတာ....ကံကောင်းခြင်းလက်ဆောင်တဲ့...ဒီခလေးရှိပြီ ဆိုကတည်းက ကျွန်တော်နဲ့babyနဲ့ ဝေးဖို့ လမ်းဖွင့်လိုက်သလိုပဲ...."
Tay - "အဲ့တာကိုက တော်တော်ကံကောင်းနေပြီ...."
ဘေးက ကားဟွန်းတီးသံကြောင့်
New - "P'Tay ဘာပြောလိုက်တာလဲဗျ..."
Tay - "ဘာမှမဟုတ်ပါဘူး...Aww...New... ဆေးရုံရှေ့က စောင့်နေလိုက်..ကို ကားပါကင်ထိုးလိုက်အုံးမယ်...''
New - "ခ... "Time skip >>>
Nurse - "New Thitipoom...''
New - '' ခ...''
Nurse - "ဒါ ပထမဆုံးအကြိမ်လား...ဆေးမှတ်တမ်းရှိလား...''
New - ''ပထမဆုံးအကြိမ်ပါဗျ..."
Nurse - "ဒီဘက်ကအကိုက......"
Tay - "ခေလးအေဖပါ...."Newတို့ ဖောင်ဖြည့်ပြီးတာနဲ့
Nurse - "ဟုတ်ကဲ့...ဝင်သွားလို့ ရပါပြီ..."
အခန်းထဲရောက်တော့ ယောက်ျားလေးနှစ်ယောက် ဝင်လာတာမို့ ဆရာဝန် နည်းနည်းကြောင်တောင်တောင် ဖြစ်သွားပြီးမှ..
Doctor - "ဒီလိုcaseမျိုးက အရမ်းရှားတယ်....လာ ဒီပေါျလဲှလိုကျ.....
ကဲ ဗိုက်ခလေးလှန်လိုက်...နည်းနည်းတော့ အေးမယ် တောင့်ခံပေးနော်....''စမ်းသပ်ကြည့်လိုက်တော့...
Doctor - "ရှင်တို့ ကျွန်မကို လာနောက်နေတာလား..."
New - "ကျွန်တော်တို့ ဘာလုပ်မိလို့လဲ..."
Doctor - "ကိုယ်ဝန်က 7ပတ်ရှိပြီသာ ပြောတယ်.....ဘယ်လို စမ်းသပ်စမ်းသပ် သနေ္ဓသားကို ရှာလို့မတွေ့ဘူး...ထင်တော့ ထင်ပါတယ်...ယောကျ်ားနှစ်ယောက် ဝင်လာကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့..."
Tay - "New....မင်းမှာ ကိုယ်ဝန်မရှိဘူးတဲ့လား..."
New - "ဟမ်...."
