Unicode
ခမည်းတော်နှင့်မယ်တို့ကို အဖော်ပြုပေးရသည်အပြင် တစ်ခါတစ်ရံ နန်းပြင်ခိုးထွက်ကာ လမ်းသလားနေတက်သည့် အချိန်များမှလွဲ၍၊ ဖူးယာ အချို့ အချို့သော အချိန်အပိုင်းအစများတွင်တော့ အလှလေးကို သတိတရရှိလှပါသည်။
အလှလေး၏ နန်းချခံရမည်သတင်းကို ကြားစကတော့ ဖူးယာလည်း စိတ်ရူးပေါက်ပေါက်ဖြင့် ရှုဖုန်းနှင့် သူ၏ခမည်းတော်တို့ထံကို ချက်ချင်းသွားပြီး လည်သာ လှီးပစ်ချင်လိုက်မိသည်ကလည်း အမှန်ပါဘဲ။သို့သော်လည်း ကိုယ့်အခြေအနေကိုသာ ပြန်လည်၍ သတိကပ်မိရင်း သူ၏နန်းဆောင်ဝကနေသာ အမြဲလိုလို ပြန်ပြန်လှည့်ပြီး လက်လျှော့ပစ်နေခဲ့ရသည်။
ထို့နောက်တော့ ကိုယ့်ချစ်သူလေးကိုယ်တောင် ရဲရဲဝံ့ဝံ့နှင့် မကာကွယ်နိုင်လေခြင်းဆိုသည့် စိတ်ဖြင့်လည်း သူ့ကိုယ်သူကို အပစ်ဒဏ်ပင် ခတ်ပစ်ခဲ့သေးသည်။သူကအလှလေးကို ထိုမျှပင် ချစ်မြတ်နိုးခဲ့ရသည်လေ။
အပစ်ဒဏ်အနေနှင့်ကတော့ ဆောင်ကြာမြိုင်တစ်ခုခုသို့ သွားလိုက်ကာ ယောကျာ်းလေးတွေကိုသာ သဘောကျတက်သည့် သူ့လိုလူအတွက် အညှီအဟောက်ဖြစ်သည့် မိန်းကလေးများနှင့် တမင်တကာပင် စက်ယှက်ပစ်ရမည်ဆိုသည့် မကောင်းမကမ်း အကြောင်းအရာကြီးပေါ့။
အရင်အချိန်များအထိကတော့ သေချာပေါက် သတ္တိမွေးပြီး ပြန်လည်ကယ်တင်ပေးရမည်ဟု ကိုယ့်ကိုကိုယ် တေးမှတ် တင်းခံထားမိသေးသည့်တိုင် နောက်ပိုင်းမှာ ဖူးယာ၏အတွေးတို့ ပြောင်းလဲခဲ့သည်။
သူ၏အလှလေးမှာ အေးချမ်းကာ တည်ငြိမ်လွန်းလှသည်။ဖခင်နှင့်အကိုတော်၏ အနှစ်နှစ်အလလ နှိပ်စက် အပစ်ဖို့ခြင်းများစွာကိုပင် အပြုံးမပျက်ရှာ အနှီအရွယ်ရောက်သည်အထိ သည်းခံကာ ခွင့်လွှတ်ပေးနိုင်ခဲ့ရှာသည်။ထိုကဲ့သို့သော အလှလေးကိုမှ နန်းချကာ မိန်းမပေးစားလိုက်မည်ဆိုမှတော့...အိုက်ယား တစ်မျိုးအနေနှင့်လည်း ကောင်းသည်။
အကိုတော်နှင့် ခမည်းတော်တို့၏ဝေးရာ တစ်နည်းအားဖြင့် စိတ်ဆင်းရဲမှုများမှ နတ္ထိကင်းလွတ်ရာ...
စုန့်နန်းတော်၏ အဝေးတစ်နေရာတွင်သာ သူ၏အချိန်တွေကို ဇနီးသည်နှင့် နှစ်ဦးသား ပျော်ပျော်ရွှင်ရွှင်လေး ကုန်ဆုံးခွင့်ရနေမည်မို့ အလှလေး၏ စိတ်နှလုံးလေးကတော့ သေချာပေါက်ကို အေးချမ်းနေရလိမ့်မည် ထင်မိလာသည်မို့လေ။
CZYTASZ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
HistoryczneCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...