01

65 2 0
                                    

-U-


"ရှစ်ထ်"

မိုးရိပ်ဆင်လာသည့် ကောင်းကင်ကို မော့ကြည့်ကာ ဂျီမင် ခပ်တိုးတိုးဆဲမိတော့သည်။ သူ အဆောင်ပြန်ရန် အကခန်းထဲမှ ထွက်လာသည့်အချိန်တုန်းက နေပင်ပူနေသေးသည်။ အခုတော့ နေပူနေသည်မှာ သူမဟုတ်သည့်အလား ကောင်းကင်တစ်ခွင်က အုံ့မှိုင်းလာနေ‌ပေပြီ။ အပြောင်းအလဲမြန်လှသည့် ရာသီဥတုပင်။
ယခုတော့ဖြင့် သူအဆောင်သို့
မရောက်မီပင် မိုးရွာတော့မည့်ဟန်။

မနက်ခင်း အဆောင်မှ သူထွက်လာချိန်တွင် ရာသီဥတုခန့်မှန်းချက်ကြည့်ခဲ့သေးသည်ပင်။
နေသာမည်ဟုပြောသည့်အပြင် သူထွက်လာချိန်က ကောင်းကင်မှာတိမ်ကင်းစင်နေသောကြောင့် မိုးရွာမည်မထင်လိုက်မိသည်မှာ သူ့အမှားမဟုတ်ပေ။ ထို့ကြောင့်သူ့တွင် ထီးလည်းပါမလာခဲ့။ အရေးကြီးသည်မှာ ဒီနေ့မှ ဝရံတာတွင် အဝတ်အစားများ လှန်းထားခဲ့ပေသည်။
တစ်ပတ်စာအဝတ်အစားများကို အကုန်လျှော်ခဲ့ခြင်းဖြစ်သောကြောင့် သူ့တွင်ဝတ်ရန် အဝတ်နည်းနည်းသာကျန်တော့သည်။
ထို့ကြောင့် ဖြစ်နိုင်ပါက အဝတ်ရုတ်ရန်မီလျှင်
ပို၍ကောင်းမည်။

သူတို့အဆောင်က စီနီယာနှင့် နှစ်ယောက်တစ်ခန်းနေရမည်ဟုသာသိရပြီး သူ့အခန်းတွင် အခန်းဖော်က ရောက်မလာသေးသောကြောင့် အကူအညီတောင်းရန်လူလည်းမရှိပေ။ အကခန်းသွားဖို့သာ အာရုံစိုက်မိနေသောကြောင့် အဆောင်သားများနှင့်လည်း မိတ်ဆွေမဖွဲ့မိ‌ရသေးသောကြောင့် သူ့တွင် ဆက်သွယ်အကူအညီတောင်းရန် ဖုန်းနံပါတ် တစ်ခုတစ်လေပင်
ရှိမနေခဲ့။ မတတ်နိုင်ပေ။ မီလုမီငြားဖြင့်သာ
လှမ်းနေသည့် ခြေလှမ်းများကို ပြေးဖို့စေခိုင်းလိုက်ရတော့သည်။

ခပ်စိတ်စိတ်ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင် မိုးမှာ အငြိုးတကြီးပင်ရွာချလာတော့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးစိုရွှဲသွားသောကြောင့် ခပ်သွက်သွက်လှမ်းနေသည့် ခြေလှမ်းများကို
ပုံမှန်အနေအထားသို့ပြောင်းလဲလိုက်ရ‌တော့သည်။
မမီ‌တော့သည့်အတူတူ မိုးရေချိုးပြီးမှသာပြန်ရမည်။ သူ့အဝတ်တွေကတော့...ထားလိုက်ပါတော့။ ပြန်လျှော်ရုံပေါ့။ ဝတ်စရာလည်းလုံးဝကြီး မရှိတော့တာတော့မဟုတ်ပေ။ အပြင်မထွက်ရုံသာ။

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

Nothing More Than You [ Ongoing ]Where stories live. Discover now