အခန်း ၇။ မက်မွန်ပွင့်တို့သက်သေတည်၍(သို့)ခိုင်မြဲသောသစ္စာ

388 46 0
                                    

အခန်း ၇။ မက်မွန်ပွင့်တို့သက်သေတည်၍(သို့)ခိုင်မြဲသောသစ္စာ

ရက်အတန်ကြာအောင် အတူတကွလေ့ကျင့်ကြပြီးနောက်မှာတော့ အချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာကြပြီဖြစ်သလို 'ခိုင်မြဲသောသစ္စာ'ဇာတ်ကားရိုက်ကူးမည့်ပထမဆုံးရက်သို့ ရောက်ရှိခဲ့ချေပြီ။

နံနက်ပိုင်းတွင် ရုပ်ရှင်ကန်တော့ပွဲနှင့် အခြားသောကိစ္စရပ်များကို ပြုလုပ်ပြီး ညနေပိုင်းမှာတော့ ရိုက်ကူးရေးတွင်ပါ၀င်မည့် အဖွဲ့သားအားလုံးကို ရိပေါ်ကညစာလိုက်ကျွေးသည်။ ထုံးစံအတိုင်း ဆိုင်ကိုတော့ ရှောင်းကျန့်ကပင်ရွေးရပြန်သည်ပေါ့။

ယခင်က မသိကျွမ်းဖူးသေးသူများသည်လည်း ရိုက်ကူးရေးမတိုင်ခင် တစ်လခန့်မျှအတူတကွ ပြင်ဆင်ခဲ့ကြသည်မို့ အတော်ကလေးတော့ ရင်းနှီးနေကြပြီဟုဆိုရပေမည်။

ဟိုးယခင်က ဘယ်လောက်သောက်သောက်မမူးတတ်သော ထောင်ဟွားသည် ယခုဘ၀တွင် အူအရိုင်းလေးဖြစ်နေပါကြောင်း သိထားသည့်ရိပေါ်က ရှောင်းကျန့်ကိုမသောက်စေချင်ပေ။

သို့သော်လည်း ဒါရိုက်တာအပါအ၀င် အဖွဲ့သားများက တောင်းဆိုနေသည်မို့ သူလည်းမတတ်သာပဲ ခွင့်ပြုထားရလေသည်။ ရှောင်းကျန့်လည်း သူ့ကိုယ်သူသိသည်မို့ တစ်ခွက်သောက်ပြီးသည်နှင့် လုံး၀ထပ်မထိတော့ပေ။

အပြန်လမ်းမှာတော့ ယခင်ကလိုပင် မူးသည်ဆိုတာ ဂျီကျတာကြောင့် လမ်းတစ်၀က်မှာပင် ကုန်းပိုးရပြန်သည်။

ကံကောင်းစွာပင် အကြောင်းသိသူ ရိပေါ်က အလာတုန်းက ကားတစ်စီးတည်းယူလာကာ ရှောင်ဟိုင်ကိုပါ အပါခေါ်ခဲ့မိလေသည်။

"ရိပေါ်... ရိပေါ်..."

"ဟင်..."

"ဘာလို့မင်းက ငါ့ထက်ပုရတာလဲ"

"ကောကလည်းဗျာ နည်းနည်းလေး၊ ယောင်ယောင်ကလေးကို ကောကကျ ဘာလို့ဒီလောက်ပေါ့နေရတာလဲ"

"ငါ့ကို၀က်ဖြစ်စေချင်နေတာလား မင်းကငါ့ကို ထားခဲ့ချင်ပြီပေါ့လေ"

"ကောကတော့ဗျာ တစ်ခွက်နဲ့မူးနေပြီလား မရစ်နဲ့ ချစ်တယ်လေနော်"

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Tempat cerita menjadi hidup. Temukan sekarang