သောကြာနေ့ ။
ကိုကြီးအလုပ်ကိစ္စရှိတာရော အတန်းချိန်စောပါလာသောကြောင့်
အရင်ရက်တွေကထက်ကျောင်းကိုစောစီးစွာ ရောက်လို့နေသည် ။ ကျွန်တော့်ကိုကားတံခါး ဖွင့်ပေးရန်ဆင်းဖို့ပြင်နေသောကိုကြီးရဲ့လက်ကို
ဆွဲကိုင်လိုက်ကာ ။" မဆင်းနဲ့တော့ ကိုကြီး
မိုင် သွားလိုက်တော့မယ်
ကိုကြီးအလုပ်သွားတော့လေ
နောက်ကျနေလိမ့်မယ် "" အင်း ဒါဆိုကိုယ်သွားတော့မယ်
ဒီနေ့က နေ့လည်ဆိုအတန်းဆင်းမှာမလား "ကျွန်တော်တောင်သေချာမသိသေးတဲ့ ကျောင်းအချိန်ဇယားကို ကိုကြီးတစ်ယောက်
အလွတ်ရလို့နေပေပြီ ။ ကျွန်တော်နှင့်ပက်သတ်ရင်
အကုန်သိနေသောဒီလူကြီးအား ခေါင်းငြိမ့်ပြခဲ့ပြီးမှ
ကားပေါ်ကနေဆင်းလာခဲ့လိုက်သည် ။ ကျောင်းဘက်ကိုမသွားမီ အမြဲမှာနေကျဖြစ်သော
" ကိုကြီး လာကြိုရင်ကားထဲပဲနေရမယ်နော် " လို့
ပြောတော့ ပြုံးပြုံးလေးပြန်ဖြေသူကြီးအား
မိုင် ရင်ခုန်မောရပါတော့သည် ။At 9 : 00 am >>>>>
၈ နာရီခွဲအတန်းချိန်စမည်ဆိုသောကြောင့်
ကျွန်တော်တို့အားလုံးစောင့်နေကြပေမယ့်
၉ နာရီထိုးမှဆရာမကဝင်လာသည် ။" သားတို့သမီးတို့ရေ
ဒီနေ့ဟောပြောပွဲရှိလို့ အတန်းချိန်မရှိတော့ဘူး "" ယေး....."
" ပျော်မနေနဲ့ ဗဟုသုတရအောင်
Hall ထဲမှာသွားနားထောင်ကြ ကြားလား "" ဟုတ်ကဲ့ပါ ဆရာမ "
အတန်းချိန်မရှိတော့သည်ကြောင့် ထုတ်ထားသည့်
စာအုပ်တို့ကိုလွယ်အိတ်ထဲပြန်ထည့်ကာ ထားလိုက်သည် ။ ထိုနောက် ဆရာမပြောသလို
ဟောပြောပွဲဆီသွားဖို့ညီညီတို့ကိုပြောမလို့ပေမယ့်
ညီညီကအရင်ဦးစွာ ။" ငါတို့ဘယ်သွားကြမလဲ အတန်းချိန်မရှိတော့ "
" ဟောပြောပွဲသွားကြမယ်လေ "
" အခုဆိုခန်းမထဲတောင်ဝင်လို့ရတော့မှာ မဟုတ်ဘူးမိုင်ရဲ့ "
" ဘာလို့လဲ "
" တခြားမေဂျာက အကိုတွေအမတွေနဲ့တင်
ခန်းမကြီးထဲပြည့်နေလောက်ပြီ "