Unicode
''လုပ်ချင်ရင်လုပ်။မလုပ်ချင်ရင် မင်းကိုယ့်အပေါ်က ဆင်းစမ်း!''
ဖူးယာ ထိုစကားကို မျက်နှာကြီးတစ်ခုလုံးအား လက်နှစ်ဖတ်လုံးဖြင့် ဖိအုပ်ထားလိုက်ရင်းဘဲ ဗလုံးဗထွေး ပြောလိုက်ခြင်းဖြစ်သည်။ဦးစွာ ဟက်ဟက်ပက်ပက် ရယ်သွမ်းလိုက်ပြီးမှ ဖူးယာ၏ ပေါင်အရင်းနေရာတွင် အားမပါစွာ ခွထိုင်ဖို့ လုပ်လေသည်။
သူ၏ဝတ်စုံ အထပ်ထပ်ကိုပင် စိတ်ရှည်လက်ရှည်လေး ဆွဲချွတ်ပစ်နေခဲ့ပြီး အနှီပုံစံလေးနှင့် အရှက်သည်းပြနေလေသည့် ဖူးယာလေးကို သူမှာ အင်မတိ အင်မတန်မှကို အချစ်ပိုနေရပါသည်ဆို ဤစကားက တကယ်ကို အလွန်အကျွံပြောသည့် စကားမျိုး မဟုတ်ရ။
အပေါ်ပိုင်းဗလာ ကျင်းသွားသည့်အလှလေးမှာ ဘောင်းဘီ ခါးစည်းကြိုးကိုပါ ခပ်လျော့လျော့လေး ဖြည့်ချထားလိုက်သေးသည်။ထို့နောက်တော့ ဖူးယာ၏မျက်နှာပေါ် ဖိအုပ်ထားခဲ့သည့် လက်နှစ်ဖတ်ကို ပွက်ကနဲ မည်ရုံ အနမ်းပိစိလေးတစ်ပွင့် ပေးအပ်လိုက်သည်။တောက်လောင်နေပြီဖြစ်သည့် ဆန္ဒများကြောင့်ဘဲ အနည်းမျှ ကွဲအက်ကာ စိုထိုင်းနေပြီဖြစ် လေသံဖြင့်လည်း...
"လက်ဖယ်လိုက်...''
ရှက်သည်ရော မကျေမလည်ဖြစ်နေမိသည့် ခံစားချက်ကြောင့်ပါ ဖူးယာ အလှလေးကို အနည်းငယ်မျှ ရစ်ချင်လာသည်။ထို့ကြောင့်လည်း...
"မဖယ်ဘူး...မင်းလေးလိုချင်တာတွေ အကုန်သာ ယူသွားလိုက်တော့...မဟုတ်လည်း တက်လုပ်ရုံဘဲ မဟုတ်လား။ဘာတွေ ထူးခြားနေလို့လဲ...သေအောင်သာ လုပ်သွားလိုက် လက်တော့ ဖယ်မပေးနိုင်ဘူး၊ကိုယ်အလိုတူမနေဘူး...''
''စီရင်ချက်ချမည်”ဟုသော ခေါင်းစဥ်အောက်မှာဘဲ သူ့ကို အပိုင်သိမ်းရန် ကြံရွယ်နေလေသည့် အလှလေး ဖြစ်သည်။
ယခုသူမှာ အလှလေးကို သေချာပေါက်ပင် ကြောက်ရွံ့နေမိသည်။သို့ပေမဲ့ သူသည်ကား အနှီအလှလေးကိုဘဲ အင်မတန် ချစ်ခဲ့မိသည် အင်မတန်မှ မြတ်နိုးခဲ့ရသည်က 21ရာစု၏ ရှောင်ဖုန်းဘဝကတည်းကပင်လေ။ဤသူဘုရင်ဖြစ်သွားခဲ့ပြီဆိုကတည်းက ဖူးယာခမျာ ဤသူ၏ အပေါ်မှာ သဘောကျခဲ့မိတာရော၊အကောင်းမြင်ပေးခဲ့မိတာကိုများပါ နောင်တရချင်လာခဲ့သည်။ထို့ကြောင့်လည်း ယခုအချိန် သူနှင့်အလှလေး၏ ဆက်ယှက်ခြင်းက သူ့အတွက်တော့ ချစ်ခြင်း မေတ္တာဆိုသည်များ အနည်းငယ်မျှ ပါဝင်မနေခဲ့တော့ဘူးဟုသာ ဖူးယာ ခံစားနေမိသည်။
ВЫ ЧИТАЕТЕ
အလှလေးက အထက်ပဂ္ဂိုလ်လား?/အလွေလးက အထက္ပုဂၢိဳလ္လား?(Complete)
Исторические романыCompleted! Both Unicode And Zawgyi တကယ်လို့ ကိုယ်အကြိုက်ဆုံး online ဝတ္တုထဲကို ဝင်သွားလို့မယ်ဆိုရင် မင်းတို့ ဘယ်လိုခံစားရမလဲ? ကိုယ်အကြိုက်ဆုံး ဇာတ်ကောင်ကဘဲ ကိုယ့်ကိုကြိုက်လာခဲ့ပြီဆိုရင်ရော? တစ်လျှောက်လုံး လုံးဝကို strightလာခဲ့ရာကနေ တကယ်ဘဲ သူ့ကြောင့်...